Part 16*

5.4K 281 16
                                        

Party အပြီး အိမ်ပြန်လာတော့ ကိုယ်လက်သန့်စင်ကာ အိပ်ရာဝင်ဖို့လုပ်လိုက်သည်။ ကုတင်ပေါ် ရောက်နှင့်နေပြီဖြစ်တဲ့ ဟန့်ဘေးမှာ ဉီးဇန်ဝင်လှဲလိုက်တော့ တစ်ဖက်ကို လှည့်ထားရာမှ ဉီးဇန်ဘက်ကို လှည့်လာသည်။

မျက်ခုံးတွေတွန့်ကျေနေပုံအရ တစ်ခုခုကို စိတ်အလိုမကျ ဖြစ်နေပုံရသည်။ ဉီးဇန် ဟန့်ရဲ့ မျက်ခုံးလေးကို ဖွဖွလေးထိကာ ပြေလျော့အောင် လုပ်ပေးပြီး

" ဘာတွေ အလိုမကျဖြစ်နေတာလဲ ဟန် "

" ကျွန်တော်မေးစရာရှိတယ်။ ဒါပေမယ့် ဉီးဇန်က အမှန်တိုင်းဖြေရမှာဗျ။ "

" အင်း "

" Party မှာတုန်းက ဉီးဇန်ကို လာနှုတ်ဆက်တဲ့တစ်ယောက်က ဘယ်သူလဲ "

ဖြေပြီးတာတောင် ထပ်မေးနေပုံထောက်ရင်တော့ ထိုအမျိုးသမီးကြောင့် ဟန် စိတ်ရှုပ်နေတာဖြစ်လိမ့်မည်။

" ဟန့်ကိုရင်းနှီးသလောက် သူနဲ့မရင်းနှီးဘူး "

ပြောချင်သည်က ဟန့်ကိုသာအရင်းနှီးဆုံးဖြစ်ကြောင်းကို တစ်ပတ်လှည့်ကာပြောလိုက်တဲ့ ဉာဏ်များတဲ့လူကြီးပင်။

" ကျွန်တော်ကတော့ အဲ့လိုမထင်ပါဘူးဗျ။ "

" ဘယ်လိုထင်လဲ "

နှုတ်ခမ်းလေးဆူကာ မျက်နှာကိုမော့ကြည့်ပြီးပြောနေသူရဲ့ ဆံပင်လေးတွေကို ညင်သာစွာ ထိုးဖွရင်း

" မသိတော့ပါဘူးဗျာ "

" ကိုယ့်ကို သဝန်တိုနေတာလား "

" ဉီးဇန်! "

" အင်း ကိုယ်ပါ။ "

" တော်ပြီဗျာ။ မပြောတော့ဘူး။ "

ရင်ခွင်ထဲရောက်ပြီးကာမှ တစ်ဖက်သို့ ပြန်လှည့်သွားသူအား ဉီးဇန် ပြုံးကာကြည့်လိုက်သည်။ ကျောပ င်ငယ်လေးက ဉီးဇန်ရဲ့ ရင်အုပ်ကျယ်ကျယ်ကြားမှာ နစ်မြုတ်သည်အထိ သေးငယ်လွန်းလှသည်။ သို့သော် တခြားသူတွေနဲ့ယှဉ်ရင်တော့ ဟန်က တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပင်။ သို့သော် ဉီးဇန်နဲ့ယှဉ်ရင် သေးသွားတာကိုတော့ ဘာကြောင့်လဲဆိုတာမပြောတတ်ပေ။

DEARESTWhere stories live. Discover now