အလုပ်ကိစ္စတွေပြီးပြီမို့ ဒီနေ့တော့ " Ioi " ကို လိုက်ပို့မည်ဖြစ်ကြောင်း အမျိုးသားငယ်ကိုကတိပေးထားချေသည်။ ဒါကြောင့်လည်း အမျိုးသားငယ်က ဉီးဇန်မနိုးခင်ကတည်းက အိပ်ရာမှထသွားပြီးပြင်ဆင်နေသည်မို့ ဉီးဇန်မှာ မသိမသာကြိတ်ပြုံးရသေးသည်။
" ဟန် "
" ဗျာ ဉီးဇန် နိုးပြီလားဗျ။ "
" အင်း "
" ကျွန်တော် အကုန်ပြင်ဆင်ပြီးပြီဗျ။ သွားလို့ရပြီ ဟီးးး "
သွားလေးတွေစီတန်းနေသည်အထိ ပြုံးရီပြနေသူအား တခြားသူကိုမမြင်စေချင်တာကြောင့် ပတ်ဝန်းကျင်အနေအထားအား အကဲခတ်ရသေး၏။ ကြားရင် ဒီလူမှာ နှလုံးရောဂါပင် ရတော့မည်ကိုစိုးရိမ်နေရသည်။
" Morning Kiss လေး ပေးပါဉီး " ဆိုတော့ တတ်ကြွစွာပင် နှုတ်ခမ်းကိုထိကပ်ကာ နမ်းသွားသူကြောင့် ရင်ထဲနွေးခနဲခံစားရသည်။ မနက်ခင်းနိုးလာတိုင်း မြတ်နိုးရသူကိုမြင်ရသလ်ု ညအိပ်ရာဝင်တိုင်း မြတ်နိုးရသူရဲ့ဘေးရှိနေခွင့်ရသည်က ဉီးဇန်အတွက်တော့ တန်ဖိုးမဖြတ်နိုင်သော အရာပါပင်။
အခုလိုသွားရမှာ အရမ်းပျော်နေပုံရ၏။ အပြင်သွားဖို့အဝတ်တွေပါလဲထားပြီးပြီဖြစ်ပြီး သူစားနေကျ မုန့်လေးတွေကိုလည်း ထုတ်ပိုးကာ ကားထဲထည့်ထားပြီးပြီဖြစ်ကြောင်း မြတ်စေပြောလို့ သိခဲ့ရသည်။
" ဉီးဇန် ဘာလို့ရပ်နေတာလဲဗျ သွားမယ်လေ "
စိတ်မရှည်ဟန်ပြောလာသော ကောင်လေးအား ကြည့်မိတော့ ဉီးထုပ်အဖြူလေးကိုပါဆောင်းထား၏။ ကျောပိုးအိတ်လေးတစ်လုံးကိုပင်လွယ်ထားသေးသည်။ အခုပုံစံက အဖေနဲ့သား ခရီးတူတူထွက်ရသည်ဟုပင် မြင်ကြမည်လားတော့မသိ။ တွေးမိသွားသည်မို့ ရီလိုက်မိသည်။
" ဉီးဇန် ဘာလို့ရီတာလဲဗျ။ "
ဟန်က သူ့ကိုရီနေသည်ဟုထင်ကာ ပြောလာပုံက ဆူအောင့်အောင့်ဖြင့်။
" ဘာမှမဟုတ်ပါဘူး။ လာလေ သွားကြမယ်။ "
.............
အချိန်သုံးနာရီလောက်ကြာအောင် ကားစီးပြီးနောက် ရေပြာအိုင်ရှိရာ " Ioi " သို့ရောက်ခဲ့ကြသည်။ တစ်လမ်းလုံး စကားတွေ တတွတ်တွတ်နဲ့ပြောနေသူက ဟန်ဖြစ်ပြီး ဟန်ပြောသမျှ ပြုံး၍သာ နားထောင်နေသူက ဉီးဇန်ပင်ဖြစ်သည်။
YOU ARE READING
DEAREST
Romanceစိတ်ကူးယဉ်ပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည့်အတွက် လက်တွေ့နှင့်လုံးဝမသက်ဆိုင်ပါ။ Sweet ပိုင်းပိုသွားတာမို့ အဆင်မပြေတာများရှိရင် ကျော်သွားဖို့ တောင်းဆိုပါရစေ။
