ဒီလိုနဲ့ Test ၅ ရက်လုံး ဟန့်ကို ကြိုပို့လုပ်ရင်းနဲ့သာ ပြီးဆုံးသွားခဲ့သည်။ အခုနောက်ပိုင်း ဟန်က ဉီးဇန်အပေါ် အရမ်းခင်တွယ်လာသည်ဟု ခံစားရသည်။ လိုချင်တာရှိရင် ပြောသည်။ အလိုမကျရင် စိတ်ကောက်သည်။
တခါတရံ အနားကမခွာ။ ပြောချင်ရာတွေပြောတာကိုလည်း ဉီးဇန်က ဒိုင်ခံ နားထောင်ပေးရသေးသည်။ အခုတော့ ဉီးဇန်ရဲ့ မိခင်မွေးနေ့ရှိတာကြောင့် အိမ်ခဏသွားဖို့လုပ်နေခြင်းဖြစ်သည်။ ခဏသွားမည်ဆိုတာထက် ညဘက် Party ပြီးသည်အထိ နေရမည်ဖြစ်သည်။
ဟန့်ကို ပြောတော့လည်း သဘောတူပြီး သူကိုယ်တိုင်လည်း လိုက်မှာဖြစ်ကြောင်း ပြောသေးသည်။ အခုလို ပေါ့ပေါ့ပါးပါးနဲ့ သူ့အပေါ် ဆိုးနေသူအား ဉီးဇန်သဘောကျသည်။
" ဉီးဇန် သွားမယ်ဗျ။ "
အပေါ်ထပ်က ဆင်းလာသူကို ကြည့်ကာ မျက်မှောင်ကျုံ့သွားသည်။ ဘယ်က သတ္တိတွေနဲ့ ဒူးအထက်ဘောင်းဘီဝတ်လာရတာလဲ။ Hoddie အဖြူရောင်ကို ဘောင်းဘီ ဒူးအထက်နားဘေးနဲ့ တွဲဖက်ကာ ဝတ်ထားခြင်းဖြစ်သည်။
နဂိုက ဖြူစွတ်နေတဲ့အသားအရေက အဖြူထပ်ဝတ်ထားတာကြောင့် ချစ်ဖို့ကောင်းတဲ့ဘက်ကို ရောက်နေ၏။
" ဟန် "
" ဗျာ "
" ဘောင်းဘီ "
" ဘာလို့လဲဗျ။ "
" ကျစ်! ဘာလို့ အတိုလဲ "
" ဟာ ဉီးဇန်ပဲ ပြောပြီးတော့ ပေါ့ပေါ့ပါးပါး ဝတ်ဆို "
" ဒါက ပေါ့ပေါ့ပါးပါးလား "
" ဟုတ်တယ်လေ။ မလဲခိုင်းနဲ့နော် လဲခိုင်းရင် ကျွန်တော် မလိုက်တော့ဘူး။ "
မျက်နှာလေးမဲ့ကာ ပြောလာသူကြောင့် နောက်ဆုံး လက်လျှော့လိုက်ရသူက ဉီးဇန် ကိုယ်တိုင်သာဖြစ်သည်။
" ကိုယ့်နားမှာပဲနေ "
" မနေဘူး။ "
" ဟန် "
" သွားမယ်ဗျာ။ လူကြီးတွေ စောင့်နေရလိမ့်မယ်ဗျ။ "
ဉီးဇန် စိတ်ဆိုးချင်ပါသော်လည်း စိတ်မဆိုးရက်ပါချေ။ အမျိုးသားငယ်က သူ့အား ပြုစားလွန်းသည်ဟုပြောရပေမည်လား။ မျက်နှာလေးတစ်ချက်ပျက်သွားရင်တောင် လူက နေမထိထိုင်မသာဖြစ်လာရတော့သည်။
YOU ARE READING
DEAREST
Romanceစိတ်ကူးယဉ်ပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည့်အတွက် လက်တွေ့နှင့်လုံးဝမသက်ဆိုင်ပါ။ Sweet ပိုင်းပိုသွားတာမို့ အဆင်မပြေတာများရှိရင် ကျော်သွားဖို့ တောင်းဆိုပါရစေ။
