Part 6*

6.3K 378 25
                                        

ဉီးဇန်နဲ့ဟန်တို့ အတူရှိလာသည်မှာ တစ်လပင် ပြည့်ချေတော့မည်။ နှစ်ယောက်လုံးရဲ့ ဆက်ဆံရေးက ထင်ထားတာထက် မြန်မြန် ရင်းနှီးမှုရသည်ဟု ခံစားရသည်။

ဉီးဇန်လည်း သူ့ကိစ္စနဲ့သူ လည်ပတ်နေသလို ဟန်ကလည်း ကျောင်းသွားလိုက် အလုပ်သွားလိုက် လုပ်နေသည်။ ဉီးဇန်နဲ့အတူ Company လိုက်သွားတဲ့နေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ဉီးဇန်ရဲ့ ဆုံးမစကားကို နားထောင်လိုက်ရသေးသည်။

ဟန်အနေနဲ့ အရာရာတိုင်းကို သည်းခံနေဖို့မသင့်ကြောင်း၊ ဟန့်အနေအထားနဲ့ ဟန်ဟာ ခေါင်းငုံမနေသင့်ကြောင်း၊ ဟန်ဟာ ဉီးဇန်ရဲ့ အမျိုးသားမို့ ဟန်ကလည်း Company က အထက်လူကြီးနေရာမှာရှိကြောင်း စသဖြင့် အကြောင်းအရာများကို ဟန့်​းြ အချိန်ပေးကာ ​ပြောပြသည်။

တကယ်တော့ ဟန့်ရဲ့စိတ်ဟာလည်း အမြဲလိုလို ခေါင်းငုံ့ခံတတ်သည်မဟုတ်။ ဉီးဇန်အား ထည့်တွက်ကာ ခေါင်းငုံ့ခံခဲ့ခြင်းပင်။ ဉီးဇန်ကတော့ ထိုသို့ ခေါင်းငုံ့ခံတာကို မကြိုက်ဟန်တူသည်။ ဆုံးမနေသော်လည်း ဆူပူသောလေသံဖြင့် သူ့​အားမပြောပေ။

နောက်ပြီး ဉီးဇန်အား Social Media သုံးတတ်အောင် သင်ပေစခဲ့တာမို့ အခုဆို အနည်းအကျဉ်းတော့ သုံးတတ်နေပြီဖြစ်သည်။ Facebook Account ဖွင့်စဉ်က Profile အား ဟန် Account က Profile အတိုင်း ထားမည်ဆိုတာကြောင့် ပြောင်းပေးခဲ့ရသည်။

ဉီးဇန်က Friend အနေနဲ့ ဟန်ရဲ့ Account တစ်ခုကိုသာ လက်ခံထား၏။ လာအပ်သော သူတွေကို လက်ခံလို့ရကြောင်းပြောသော်လည်း မရ။ တခါတလေ ဉီးဇန်က နားလည်ရခက်သည်ဟုပင် တွေးမိသည်။

" ဟန် "

ခြံထဲမှာ တစ်ယောက်တည်း ဖုန်းသုံးနေတုန်း ဉီးဇန်ရဲ့အသံကြောင့် မော့ကြည့်မိသည်။ အလုပ်က ပြန်လာတဲ့ ဉီးဇန်က ပင်ပန်းနေသော ပုံရိပ်ကို တခါမှ မမြင်ရ။

" ပြန်လာပြီလားဗျ။ ကျွန်တော် ပျင်းလို့ ခြံထဲ ခဏလာထိုင်နေတာ "

" အင်း အခု​ဝင်တော့ "

" ဟုတ် ဉီးဇန်နဲ့ တူတူသွားမယ်လေ "

" အင်း "

ဉီးဇန်နဲ့ အတူ အိမ်ထဲဝင်ဖို့လုပ်လိုက်ချိန် ကိုမြတ်စေက အနားရောက်လာ၏။

DEARESTWhere stories live. Discover now