Part 24*

5.1K 289 10
                                        

မနက်စာ အတူစားဖြစ်ကြပြီးနောက် ဟန်က မေးစရာရှိနေပုံပေါ်တာကြောင်​့ ဧည့်ခန်းထဲခေါ်ခဲ့လိုက်သည်။

" ကိုယ့်ကို မေးစရာရှိတယ်မလား ဟန် "

" ကျွန်တော် မနက်က အပြင်ကိုကြည့်မိတာ ကွင်းပြင်ကျယ်ထဲ လူတွေအများကြီးရှိနေတယ်။ "

သေချာပေါက် ဟန်ဟာ ဂိုဏ်းသားတွေ မနက်ပိုင်းလေ့ကျင့်ရေးဆင်းနေတာကို တွေ့သွားပုံရသည်။ ဒါ့အပြင် လူအများကြီးရှိနေကြောင်းကို လက်ဖြင့်ပါ အမူအရာပြနေတာကြောင့် ဉီးဇန်က သဘောတကျရယ်၏။

" ဉီးဇန်ကလည်း ကျွန်တော်ပြောပြနေတာကို "

" ပြောပါဗျာ။ ပြောပါ။ ကိုယ် အသည်းယားလို့ပါ။ "

" အဲ့တာလေ သူတို့က ဘယ်သူတွေလဲဟင်။ ဘာလို့ လူအများကြီးက ဒီကိုရောက်နေတာလဲဟင်။ ပြီးတော့ ဒါက ဉီးဇန်ရဲ့အိမ်မဟုတ်ဘူးလားဟင်။ "

" အင်း။ ကိုယ်တစ်ခုချင်းစီပြောပြမယ်။ အရင်ဆုံး ကိုယ့်နားလာခဲ့ပါဉီး။ "

ခုံခြားကာထိုင်နေသူအား အနားမှာထိုင်ဖို့ခေါ်လိုက်ခြင်းသာ။ ဟန်က ထိုင်နေရာမှထလာပြီး ဉီးဇန်နားရောက်လာတော့ ပေါင်ပေါ်သို့ဆွဲတင်ကာ ထိုင်စေ၏။

" ကိုယ့်အိမ်ဆိုတာလည်းဟုတ်တယ်။ ကိုယ့်ရဲ့လုပ်ငန်းတစ်ခုအတွက်ဆိုလည်းဟုတ်တယ်လ်ို့ မနက်က ဟန့်ကို ကိုယ်ပြောခဲ့တယ်မလား။ "

" ပြောခဲ့တယ်။ "

" ဟန် တွေ့လိုက်တဲ့သူတွေက ကိုယ့်လက်အောက်မှာရှိတဲ့ ဂိုဏ်းသားတွေပဲ။ လူဆိုးလို့တော့ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တို့က လိုအပ်လာရင် 'PATA' မှာ စုံစမ်းစစ်ဆေးရတာတွေအတွက် လျှို့ဝှက်စွာ ပါဝင်ရတယ်။ ဒါအတွက် တခါတလေမှာ ရက်စက်ကောင်းရက်စက်နိုင်တယ်။ "

" ........... "

" ကိုယ်တို့က လျှို့ဝှက်ပြီးပဲနေတယ်။ လိုအပ်ရင်လိုအပ်သလို ဆောင်ရွက်တာမျိုးရှိတယ်။ ကိုယ့်လက်အောက်ကဆိုတဲ့အတိုင်း အားလုံးက စည်းတွေဘောင်တွေကြားထဲမှာနေရပေမယ့် တခါတလေ ကိုယ်က လွှတ်ပေးထားလိုက်တယ်လေ။ တနည်း မသိချင်ယောင်ဆောင်ပေးတာမျိုးပေါ့။ "

DEARESTWhere stories live. Discover now