Part 23*

4.8K 274 3
                                        

ဉီးဇန် ဟန်နဲ့အတူ ပြန်လာပြီးနောက် ဟန်က ရေမိုးချိုးသန့်စင်ကာ အဝတ်လဲနေ၏။ ဉီးဇန်က ပြင်ဆင်စရာ အလုပ်က််ိစ္စတွေရှိနေတာမို့ ဟန်ရေချိုးပြီးကာမှ အခန်းထဲ ဝင်လာ၏။

" ဉီးဇန် ရေချိုးတော့မလားဗျ။ "

" အင်း။ ဒါနဲ့ ကိုယ်ပြောစရာရှိတယ်။ "

ဟန် အဝတ်ရွေးနေရာမှလက်တို့ရပ်တန့်သွား၏။ ဉီးဇန်က လက်က ကြယ်သီးကို ဖြုတ်ရင်း ခုတင်ပေါ် ထိုင်နေ၏။

" မနက်ဖြန် ' PATA' သွားစရာရှိတယ်။ "

" အလုပ်ကိစ္စလား ဉီးဇန် "

" အင်း။ ပြီးတော့ ဟန်လည်း လိုက်ခဲ့ရမယ်။ "

" ဗျာ။ ကျွန်တော်ရောလား။ "

" ကိုယ် လိုက်ပို့မယ်လို့ ပြောထားတယ်မဟုတ်လား။ "

" ဒါပေမယ့် ဉီးဇန်က အလုပ်ကိစ္စနဲ့သွားတာမလားဗျ။ ကျွန်တော့်ကြောင့် အလုပ်တွေ ကြန့်ကြာနေမှာစိုးလို့ပါ။ "

" ကိုယ့်အလုပ်က နည်းနည်းပါပဲ။ အဓိက က ဟန့်ကို လိုက်ပို့ချင်လို့။ "

" ဘယ်ချိန်သွားမှာလဲဗျ။ "

" မနက်ဖြန် နေ့လည် "

" ကျွန်တော် ပြင်ထားလိုက်မယ်ဗျ ဟီးး "

" အင်း။ ကိုယ့်နား လာပါဉီး။ "

ဉီးဇန်ခေါ်လိုက်တော့ Bathrobe သာ ဝတ်ထားတဲ့ ဟန်က ဉီးဇန်နားရောက်လာ၏။ ရေချိုးပြီးကာစမို့ ခန္ဓာကိုယ်က အနည်းငယ် အေးနေ၏။ ပြီးနောက် ဟန့်စီက ကိုယ်သင်းနံ့သင်းသင်းလေးတစ်ခုကိုရ၏။ ဒါဟာ ဟန့်နားနေတိုင်း ရနေကျ အနံ့လေးတစ်ခုဆိုသော်လည်း ဉီးဇန် မရိုးအီသွားပါ။

ဉီးဇန်က ထိုင်နေပြီး ဟန်က မတ်တပ်ရပ်နေသည့်အနေအထားမို့ ဉီးဇန်က မော့ကြည့်နေရသလို အနေအထားဖြစ်နေ၏။

" ဟန် "

" ဗျာ။ "

" ကိုယ် နမ်းချင်တယ်။ "

" ဗျ...ဗျာ "

ချက်ချင်းပင် မျက်နှာနီရဲလာသူကြောင့် ဉီးဇန်ပြုံးလိုက်သည်။ တောင့်ကာ ရပ်နေသူအား ဉီးဇန်ကနား မော့ပြီး နမ်းလိုက်၏။

DEARESTDonde viven las historias. Descúbrelo ahora