" သား "
" ဗျာ မာမီ "
" ကျောင်းမှာလား "
" အိမ်မှာပဲ မာမီ။ ဒီနေ့ပိတ်ရက် "
" ဟုတ်သားပဲ။ မာမီ မေ့နေတာ "
" မာမီ ပြောစရာရှိလို့လား။ "
" ပြောစရာရှိမှ ဖုန်းဆက်ရမှာလား သားရဲ့ "
" သားက မေးကြည့်တာပါဗျာ "
" ဟုတ်ပါပြီကွယ်။ ဒါနဲ့ သားရော အဆင်ပြေရဲ့လား "
" ပြေပါတယ် မာမီရဲ့။ ဉီးဇန်နဲ့လည်း အဆင်ပြေတယ် "
" အင်း သားအသံကို နားထောင်ပုံအရတော့ တော်တော် အဆင်ပြေနေပုံပဲ "
မိခင်ဖြစ်သူရဲ့ ရယ်သွမ်းကာ ပြောလိုက်သော စကားကြောင့် ဟန်ကိုယ်တိုင်လည်း အနည်းငယ် ရှက်သလိုခံစားရသည်။
" မာမီကလည်း "
" သား အဆင်ပြေရင် ရပါပြီ။ မာမီက နေရထိုင်ရအဆင်မပြေတာမျိုးတွေ ရှိမှာစိုးလို့ပါ။ "
" အဲ့လိုတော့ မရှိပါဘူးဗျ "
" သားက အိမ်မှာဆိုတော့ ဇန်ကရော "
" ဉီးဇန်လည်း ရှိတယ်။ စာကြည့်ခန်းထဲမှာ အလုပ်လုပ်နေတာ "
" အော် အေးပါ အေးပါ။ ကိစ္စရှိရင် အချိန်မရွေးဖုန်းဆက်လိုက်နော် သား "
" ဟုတ်ကဲ့ပါ မာမီ။ မာမီတို့လည်း ကျန်းမာရေးဂရုစိုက်။ ဒယ်ဒီနဲ့ ဘိုးကိုလည်း သားမေးနေတယ်လို့ ပြောပေးဉီးနော် "
" အေးပါ။ ဒါဆို ဒါပဲနော် သား "
" ဟုတ်ကဲ့ မာမီ "
ဟန့်အနေနဲ့ လက်ထပ်ပြီးကတည်းက တစ်ပတ်တစ်ခါလောက်တော့ အိမ်နဲ့ ဖုန်းပြောဖြစ်သည်။ မာမီကတော့ စိတ်အပူဆုံးပင်။ တစ်ခုခုဆို အဆင်မပြေမှာ စိုးရိမ်နေတတ်လေ့ရှိသည်။
ဒါကြောင့် များသောအားဖြင့် မာမီကသာ ဖုန်းခေါ်သည်။
" ဟန် "
" ဗျာ "
" နေ့လည်စာ "
" ဟုတ် ကျွန်တော် လာပြီဗျ "
ဖုန်းကို ခုံပေါ် တင်ထားခဲ့လိုက်ကာ ဉီးဇန်နဲ့အတူ ထမင်းစားဖို့ ထွက်လာခဲ့လိုက်သည်။
VOCÊ ESTÁ LENDO
DEAREST
Romanceစိတ်ကူးယဉ်ပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည့်အတွက် လက်တွေ့နှင့်လုံးဝမသက်ဆိုင်ပါ။ Sweet ပိုင်းပိုသွားတာမို့ အဆင်မပြေတာများရှိရင် ကျော်သွားဖို့ တောင်းဆိုပါရစေ။
