Part 11*

5.9K 338 10
                                        

စိတ်ဆိုးတာတောင် ကောင်းကောင်းဆိုးလို့မရတဲ့ ထိုလူကြီးအား စိတ်တိုမိပါသည်။ ကိစ္စတိုင်း သူချည်းမှားသလိုလိုလုပ်နေသည်က မကောင်းဘူးမဟုတ်လား။ လူကြီးဖြစ်ပြီး ဒါလေးတောင်မသိဘူးလားလို့ မေးပစ်လိုက်ချင်သည်။

အခုလည်း စကားတစ်ခွန်းကြောင့် စိတ်တွေအရည်ပျော်တော့ဆဲဆဲ။ တင်းခံထား၍တောင်မရတော့တဲ့ ဒီစကားကို ဘာကြောင့်များ ရွေးပြောရတာပါလဲ။

" စိတ်မဆိုးပါနဲ့တော့ ကိုယ့်အမျိုးသားငယ် " တဲ့။

အကြာကြီး စိတ်ဆိုးပစ်ချင်ပါသည်။ ဒါကို ဒီစကားတစ်ခွန်းတည်းနဲ့ ချေပလာတဲ့လူကြီးကို သိပ်တော့မကျေနပ်။

" ဘာလဲဗျ။ အခုမှ ကျွန်တော့်ကို အချိုလာသတ်နေလို့ မရဘူးဗျ။ "

" ကိုယ် ဘာလုပ်ပေးရမလဲ "

" ဘာမှမလုပ်ပေးနဲ့။ "

" ဟန် စိတ်ဆိုးနေတာမဟုတ်လား။ "

" မဆိုးတော့ဘူးဗျာ။ မဆိုးတော့ဘူး။ ရပြီလား "

" အင်း "

" ဘာ အင်း လဲ။ တကယ်အကျင့်မကောင်းတဲ့ လူကြီး။ ပြန်ရောက်လာရင် အပြစ်ပေးမှာ။ "

" အင်း "

" ဉီးဇန် လက်ခံတာနော် "

" အင်း "

" ပြီးတာပဲဗျ။ "

" အင်း "

" ဖုန်းချလိုက်တော့မယ်ဗျ "

" အင်း "

ဉီးဇန် ဟန့်ဘက်က ဖုန်းချသွားသည်အထိ ဖုန်းကိုသာ ငေးကြည့်မိနေ၏။ ထို့အပြင် နှစ်နှစ်ခြိုက်ခြိုက်ပြုံးဖြစ်လိုက်သည်။ တွဲငြိရာလေးက သိပ်ချစ်ဖို့ကောင်းတာပါပဲ။

တဆက်တည်းမှာပဲ ဉီးဇန် ဘုန်းသန့်ထံ ဖုန်းဆက်လိုက်ကာ

" ဟန့် စိတ်တိုင်းကျ လုပ်ပေးလိုက် "

ပြောပြီးသည်နှင့် ဉီးဇန် ဖုန်းချလိုက်သည်။ အရေးကြီးဆုံးက အမျိုးသားငယ် စိတ်ချမ်းသာနေဖို့ပဲ မဟုတ်လား။ မကြာခင်မှာပဲ ဖုန်းထဲသို့ ပုံလေးတစ်ပုံရောက်လာ၏။

Pizza ကို ပလုတ်ပလောင်းစားနေသည့် အမျိုးသားငယ်။ ထိုစဉ် မြင်လိူက်ရတဲ့အရာတစ်ခုကြောင့် ဉီးဇန် မျက်မှောင်ကြုတ်လိုက်သည်။

DEARESTDonde viven las historias. Descúbrelo ahora