ညနေ ဟန် ပုံမှန်ကျောင်းဆင်းချိန်၌ ဟန့်သူငယ်ချင်းနှစ်ယောက် ရောက်ရှိလာ၏။ အဖျားက ကျသွားပြီမို့ ဟန်ကိုယ်တိုင်လည်း ဧည့်ခန်းထဲရောက်နေ၏။
" ဒါ မင်းအတွက် သီးသန့် စာတွေ မိတ္တူဆွဲလာပေးတာ။ "
" ကျေးဇူး "
" သက်သာလား။ "
" အင်း သက်သာတယ်ပဲ ပြောရမှာပေါ့။ "
" Test ဘာညာမရှိတော့ နှစ်ရက်သုံးရက်လောက် အနားယူလိုက်ပေါ့ "
" မင်း မပြောလည်း ဉီးဇန်က ကျောင်းကို ခွင့်ကြိုတိုင်ပြီးပြီ "
" ထင်တော့ထင်သား။ မနက်က အတန်းထဲမှာ မင်းကို လာရှာတဲ့သူတွေအများကြီးပဲ "
" ဘာလုပ်ဖို့လဲ "
" မင်းကို စိတ်ပူလို့ဆိုပြီး လာကြတာလေ။ "
" ဘယ်သူလဲ "
စကားပြောနေတုန်း နောက်ကျောက ခပ်အုပ်အုပ်ထွက်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ ဉီးဇန်ဖြစ်နေ၏။ ဉီးဇန်က အနားကိုရောက်လာပြီး
" ဘယ်သူက စိတ်ပူတာလဲ ကလေး "
အသံက မာနေတယမျိုးမဟုတ်သော်လည်း မျက်နှာအနေအထားကတော့ အနည်းငယ်တည်နေ၏။
" ဒီတိုင်းသူငယ်ချင်းတွေပါ။ "
" သူငယ်ချင်းမဟုတ်ဘူး ဉီး။ ကောင်မလေးတွေ တခြားအခန်းတွေကတောင်ပါသေးတယ်။ "
ဟန်မှာ အလိုက်ကမ်းဆိုးမသိတဲ့ သော်စစ်ဉီးအား မျက်လုံးတွေပြူးပြနေသောငြား ထိုကောင်က ဉီးဇန်အား အကုန်ပြောပြနေသည်။
" တကယ်ပါဗျာ။ King ဆိုတဲ့အတိုင်း အကုန်လုံးက သဘောကျနေတော့တာပဲ။ "
" ဟုတ်လား ဟန်။ ဟန့်ကို လူတွေ အများကြီး သဘောကျနေတယ်ပေါ့။ "
ဟန် ချက်ချင်းပင် ဉီးဇန်နဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်ကာ
" အာ ဉီးဇန်ကလည်း သူတို့က သူတို့စိတ်နဲ့သူတို့သဘောကျကြတာလေဗျ။ ကျွန်တော် တားလို့ရတာမှမဟုတ်တာ။ ကျွန်တော် သဘောမကျရင်ပြီးတာပဲမလားလို့ ဉီးဇန်ကို မေးခဲ့တယ်မလားဗျ။ "
YOU ARE READING
DEAREST
Romanceစိတ်ကူးယဉ်ပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည့်အတွက် လက်တွေ့နှင့်လုံးဝမသက်ဆိုင်ပါ။ Sweet ပိုင်းပိုသွားတာမို့ အဆင်မပြေတာများရှိရင် ကျော်သွားဖို့ တောင်းဆိုပါရစေ။
