" ဒါတော့ ကိုယ် မိတ်ဆက်ပေးစရာမလိုလောက်တော့ဘူးထင်တယ်။ "

" ဟုတ်ကဲ့ သိပါတယ် ခေါင်းဆောင် "

" ခဏနေရင် ကွင်းထဲမှာ အကုန်စုထား။ "

" ကောင်းပါပြီ ခေါင်းဆောင် "

ဒီလိူနဲ့ ဉီးဇန်မရှိတဲ့အချိန်အတွင်းက ကိစ္စတွေကိုပြောနေကြသည်မှာ တော်တော်ကြာ၏။ ဒါကို ဟန် နားမလည်ပါသော်လည်း ဟိုကြည့်ဒီကြည့်ဖြင့်သာ နေနေရ၏။

ဒီကြားထဲ မြတ်စေယူလာပေးတဲ့ လိမ္မော်သီးပန်းကန်ထဲမှာ လိမ္မော်သီးတွေယူကာ အခွံခွာပြီး ဟန့်အား ကျွေးသေး၏။ အသီးကျွေးတာလည်း မပြတ်သလို စကားပြောတာလည်းမပြတ်သော ဉီးဇန်အား ရှေ့မှာထိုင်နေတဲ့ လေးယောက်ကတော့ ငေးကြည့်ယုံမျှသာ တက်နိုင်၏။

ထို့အပြင် လေးယောက်လုံး၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို သေချာနေကြောင်းသိလိုက်ရသည်။

* ခေါင်းဆောင်ရဲ့ အမျိုးသားက အရမ်းကံကောင်းတာပဲ * ဆိုတာပင်။

.........................

နေ့လည်မရောက်တစ်ရောက်အချိန်မို့ နေပူသည်ဆိုသော်လည်း သိပ်ပူနေတာမျိုးတော့မဟုတ်။ ကွင်းပြင်ထဲ အမဲရောင်ဝတ်စုံနဲ့သူတွေဟာ အပြည့်ဖြစ်နေ၏။

လက်ရှိအနေအထားကိုကြည့်ပါက ဉီးဇန်ရဲ့လက်မောင်းကိုဖက်ထားကာ အိမ်ထဲကထွက်လာသော ငယ်ငယ်ရွယ်ရွယ် ကောင်လေးတစ်ယောက်ပါးတွေ့ရမည်ဖြစ်သည်။ နေအနည်းငယ်ရှိန်နေတာကြောင့် ဟန် မျက်နှာပျက်ယွင်းသွားမည်စိုးကာ ဉီးဇန်က ထီးတစ်ဖက်ကကိုင်ထား၏။

" မင်္ဂလာပါ ခေါင်းဆောင်နဲ့အစ်ကိုလေး "

ဟိန်းခနဲထွက်လာသော အသံကြောင့် ဟန်ကိုယ်လုံးလေး ဆတ်ခနဲတုန်သွားတာကို ဉီးဇန် သတိထားမိလိုက်သည်။

" မင်းတို့ကို ငါ့အမိန့်ပေးသလို ငါ့ရဲ့အမျိုးသားကလည်း အမိန့်ပေးနိုင်တယ်။ သူ ဒီမှာနေစဉ်အတွင်း စိတ်ရှုပ်အောင်လုပ်မိသူတွေက ကိုယ့်စရိတ်ကိုယ်သိမ်းရမယ်ဆိုတာ သိထားပါ။ "

" သိပါတယ် ခေါင်းဆောင် "

ဟန်မှာ ဉီးဇန်စကားကြောင့် အားနာဟန်ဖြင့် ကြည့်နေမိသည်။ အားလုံးကို တန်းတူဖြစ်စေချင်တာ ဟန်ရဲ့ ဆန္ဒပင်။ အခုပုံစံက ဟန်တစ်ခါမှမမြင်ဖူးသော ဉီးဇန်ရဲ့ ပုံစံပင်ဖြစ်သည်။

DEARESTWhere stories live. Discover now