" ဒါဆို ဉီးဇန်က လူဆိုးလား။ "

" ကလေးက လူဆိုးလို့ထင်ရင်လည်း လူဆိုးပေါ့။ ဘာလဲ ကိုယ့်ကို ကြောက်လို့လား။ "

" မကြောက်ပါဘူး။ "

မျက်နှာလေးမော့ချီကာ မကြောက်ကြောင်းပြောလာသူအား ဉီးဇန် တအံ့တသြ။ ဒီကိစ္စတွေသာသိသွားရင် ဟန် ကြောက်ရွံ့နေမှာ စိုးရိမ်ခဲ့သည်။ သို့သော် မမျှော်လင့်ထားတဲ့အဖြေကြောင်​့ အကြောင်းအရင်းကို သိချင်လာသည်။

" ဘာလို့လဲ။ "

" ဉီးဇန်ကို ယုံလို့လေဗျ။ "

" ဘယ်လို "

" ဉီးဇန် ဒီလိုတွေလုပ်နေတယ်ဆိုတာ အကြောင်းအရင်းရှိလို့မလားဗျ။ ပြီးတော့ ကျွန်တော့်ကို ဉီးဇန်က ထိခိုက်အောင်မလုပ်ဘူးလို့ ထင်တာပဲဗျ။ ဟုတ်တယ်မလားဟင်။ "

" အင်း။ ကိုယ် ဟန့်ကို ထိခိုက်အောင် မလုပ်ပါဘူး။ "

ဟန်ရဲ့ ရိုးရိုးရှင်းရှင်းအတွေးကြောင့် သဘောကျမိသည်။ ဟန်က တကယ်ကို ပေါ့ပေါ့ပါးပါးတွေးတတ်တဲ့လူငယ်တစ်ယောက်ဆိုတာ သူ ခဏတာမေ့သွားခဲ့သည်။

" ကိုယ် ခဏနေရင် မိတ်ဆက်ပေးမယ်။ "

ထိုစဉ်

ဒေါက်~ဒေါက်

" ဝင်ခဲ့ "

တစ်ယောက်ယောက် ရောက်လာတာကြောင့် ဟန်မှာ ဉီးဇန်ကိုယ်ပေါ်ကထဖို့ပြင်လိုက်သော်လည်း ဉီးဇန်က ပြန်ဆွဲထား၏။ အခန်းထဲ လူလေးယောက်ဝင်လာ၏။ နှစ်ယောက်က ဟန်သိပြီးသားဆိုသော်လည်း ကျန်နှစ်ယောက်က မျက်နှာစိမ်းသာ။

" မင်္ဂလာပါ ခေါင်းဆောင် "

" အင်း။ ထိုင်ကြဉီး။ "

ဉီးဇန်ရဲ့ ခွင့်ပြုသံကြောင့် လေးယောက်လုံး ထိုင်လိုက်၏။

" ဒီနှစ်ယောက်က ကိုယ်မရှိတဲ့ချိန် တာဝန်ယူပေးတဲ့ ခေါင်းဆောင်နှစ်ယောက်ပဲ။ Joe နဲ့ Sin ။ "

" မင်္ဂလာပါ အစ်ကိုလေး။ "

" မင်္ဂလာပါခင်ဗျ။ "

ထိုလူနှစ်ယောက်မှာ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ သေချာ train ထားတဲ့သူတွေမှန်းသိသာလှသည်။

DEARESTTempat cerita menjadi hidup. Temukan sekarang