တစ်ချိန်လုံးမှာ သူမက မူချောင့်ကို နှောင့်ယှက်နေကာ, သူ့ကို အေးခဲပစ်လိုက်, တစ်ခါတစ်ရံမှာ ရှုပ်ထွေးသွားစေတဲ့မန္တန်တွေကို ပစ်လိုက်နဲ့ မရပ်မနားဒုက္ခပေးနေတော့တယ်။

ဒါပေမဲ့ သူမက သူ့ကို မသတ်ဘဲ, ဒီအတိုင်း သူ့ရဲ့ကိုယ်ပိုင်characterကို မထိန်းချုပ်နိုင်အောင် ပြုလုပ်နေခြင်းဖြစ်တယ်။

Spirit Roadမှာ ဆိုရိုးစကားတောင် ရှိတယ်။ တစ်စုံတစ်ယောက်က ထိန်းချုပ်မှု controlစွမ်းရည်မြင့်လွန်းတဲ့ enchantressတစ်ယောက်နဲ့သာ တွေ့ခဲ့မယ်ဆိုရင်တော့ မင်းတို့ရဲ့လက်တွေကို ကြိုးတုပ်ပြီး သေဖို့သာစောင့်နေပေတော့, မဟုတ်ရင်လည်း အကောင်းဆုံးကြိုးစားပြီး သူတို့ကို ပြန်သတ်ပေတော့ပဲ။

မူချောင်က ဒုတိယအမျိုးအစားထဲမှာ ပါတဲ့သူဖြစ်တယ်။

အားကောင်းတဲ့ ဟော့ပေါ့လေးက မူချောင့်ကို ဆက်တိုက်ကုသပေးနေကာ, ထန်းရှောင်က သူ့ကိုလည်း လာတိုက်ခိုက်နေတာကြောင့် သူ့ကိုယ်သူလည်း ပြန်ခုခံကာကွယ်နေရတယ်။

ထို့နောက်မှာ မူချောင်က ထန်းရှောင်ကို မန္တန်တစ်ခုနဲ့ပစ်ထည့်လိုက်တယ်။

ထန်းရှောင်က နောက်ထပ် enchantress attack မန္တန်တစ်ခုနဲ့ တိုက်ဖို့လုပ်နေတာကြောင့် နေရာကနေ မလှုပ်ရှားပေ။

မူချောင့်ရဲ့တိုက်ခိုက်မှုက သူမဆီကျရောက်လာကာ HPက တစ်ဝက်လောက် ကျသွားပေမဲ့ သူမရဲ့မန္တန်က အောင်မြင်စွာပြီးမြောက်သွားတယ်။

ခဏအတွင်းမှာပဲ မီးခိုးတွေ၊အခိုးအငွေ့တွေ ထွက်လာပြီး မီးခိုးလုံးတွေပျောက်ကွယ်သွားချိန်မှာတော့ မူချောင်က သူမရဲ့ခြေထောက်ဘေးနားမှာ ပုံလျက်သားလဲလျောင်းနေတယ်။

ဒါက သူမရဲ့မြောက်မြားစွာသော အိပ်မက်ထဲက အရာပဲ!

ဒီအကြောင်းကို သူမဘယ်နှနှစ်ဘယ်နှညလောက်တောင် အိပ်မက်မက်ခဲ့ရလဲ!

ဒီနေ့တော့ ဖြစ်လာပြီပေါ့လေ!

သူမမှာ ပျော်ရွှင်မှုကြောင့် ရူးသွားတော့မလိုပင်။

တိုက်ရိုက်ထုတ်လွှင့်နေတာသာ မဟုတ်ရင်, သူမ အားရစွာအော်ပစ်လိုက်မှာ ဖြစ်တယ်။
"ရှင် ဒီနေ့တော့ ကျွန်မကို ဦးညွှတ်ပြီး အရှုံးပေးလိုက်တော့, ရှင်...ဒယ်ဒီလူဆိုးကြီး"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now