ကစားသမားတချို့က ထန်းရှောင်အပေါ်  အမြင်ကောင်းမရှိပေ။
သူမ ဒီဂိမ်းကို ကစားဖူးတယ်ဆိုတော့ရော ဘာလုပ်ရမှာလဲ? မက်မွန်မြေသူရဲကောင်းက သူမရဲ့ဘက်မှာ ရှိနေတော့ရော ဘာလုပ်ရမှာလဲ? သူမသာ ရိုက်နှက်ခံရဖို့ ထိုက်တန်တယ်ဆိုရင် ကြိုးနဲ့တုပ်ပြီး အရိုက်နှက်ခံရမှာပဲ။

***

တိုက်ရိုက်ထုတ်လွှင့်မဲ့နေ့ရောက်တဲ့အခါ ပါဝင်ဆော့ကစားမဲ့ နှစ်သင်းက liveမစခင် အသီးသီးလိုအပ်တာတွေ ပြင်ဆင်လိုက်ကြတယ်။

သူတို့တွေ ပြင်ဆင်နေကြတုန်းမှာပဲ လူတွေက ထုတ်လွှင့်မှုကို စတင်ဖို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေကြတယ်။

ရိုက်ကူးရေးအတွက် များစွာအလုပ်ရှုပ်နေကြကာ မူချောင်နဲ့ မက်မွန်မြေသူရဲကောင်းတို့လည်း ရောက်ရှိနေကြပြီ ဖြစ်တယ်။

ထန်းရှောင်အတွက် မက်မွန်မြေသူရဲကောင်းကို အပြင်မှာတွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ ဖြစ်လိမ့်မယ်။

အရင်က သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုတွေကို သူမကြည့်ဖူးပေမဲ့ သူက အမြဲတမ်း မျက်နှာမှာ maskတပ်ထားလေ့ရှိတယ်။

အခုလည်း သူက maskတပ်ထားတယ်ဆိုပေမဲ့ သူ့ရဲ့မက်မွန်သီးလို ရွန်းလဲ့တောက်ပနေတဲ့ မျက်လုံးတွေက အမှန်တကယ်ကို တမူးထူးခြားနေသည်ပင်။

"မင်းဘာတွေစဉ်းစားနေတာလဲ?"
မူချောင်က ထန်းရှောင် မက်မွန်မြေသူရဲကောင်းကို အကြာကြီးစိုက်ကြည့်နေတာကို မြင်ပြီး မနေနိုင်စွာ မေးလိုက်တယ်။

"ကျွန်မစဉ်းစားနေတာ သူက ဘာလို့ ဂိမ်းထဲက သူ့ရဲ့ရွှေရောင်တောက်ပတဲ့အချိန်တွေကို ရပ်လိုက်ပြီး livestreamerလုပ်ဖို့ ဆုံးဖြတ်လိုက်တာလဲလို့"
ထန်းရှောင် ပြောလိုက်တယ်။

မက်မွန်မြေသူရဲကောင်းဆိုတာ battleပေါင်းများစွာမှာ တစ်ဦးတည်း ချန်ပီယံစွဲခဲ့တဲ့ နံမည်ကြီး playerတစ်ယောက်ဖြစ်တယ်။

LanRe Serverက old serverဖြစ်ပေမဲ့ တစ်ခါတစ်ရံမှာ newer serverတွေထက်တောင် ပိုပြီး အသက်ဝင်လှုပ်ရှားနေတာ ကစားသမားတော်တော်များများက LanRe Serverက မက်မွန်မြေသူရဲကောင်းကို အထင်ကြီးလေးစားကြလို့ဖြစ်တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now