သတင်းထောက်က ဆက်ပြီးမေးလိုက်တယ်။
"မင်းရဲ့သူငယ်ချင်းတွေနဲ့ အတူလာတာလား?"

ထန်းရှောင် ခေါင်းညိတ်ပြလိုက်တယ်။

ထို့နောက်မှာ ကင်မရာက တခြားဘက်ဆီ လှည့်သွားတော့တယ်။

ဘယ်သူမှ သတိမထားမိခင်မှာပဲ ထိုဟာကို တစ်နိုင်ငံလုံးရဲ့တီဗီသတင်းမှာ ထုတ်လွှင့်ပြသပြီးပြီ ဖြစ်တယ်။

တီဗီရှေ့ထိုင်ကြည့်နေကြတဲ့ Hမြို့တော်သားတွေမှာ ပထမတော့ ထိုစုံတွဲက အများပြည်သူရှေ့ ခွေးစာကျွေးနေတယ်လို့ ထင်ကြကာ သူတို့ရဲ့လျှာတွေကို စုတ်သတ်လိုက်ကြတယ်။

ထို့နောက် သူတို့နောက်တစ်ခေါက် သေချာပြန်ကြည့်လိုက်တဲ့အခါမှာ, နောက်ဆုံးတော့ သတိပြုမိသွားကြတယ်။

လခွမ်း***!

အဲဒါ သတင်းထိပ်ဆုံးမှာရောက်နေတဲ့ ထန်းရှောင်မဟုတ်လား!

သောက်ကျိုးနည်း***!

သူမရဲ့ဘေးက မူချောင်မို့လား!!!

အင်တာနက်တစ်ခွင် ပြဲပြဲစင်အောင် ပွက်လောရိုက်ကုန်ကြတယ်။

ထန်းရှောင်က စုပိုင်နဲ့ မူချောင်ရဲ့ကြားထဲ ဝင်စနိုက်ကျော်သူလို့ စွပ်စွဲပြောဆိုကြပြီး စုပိုင်ရဲ့ဖန်တွေအကုန်လုံး ထန်းရှောင်ရဲ့Weiboမှာ အုံလိုက်ကျင်းလိုက် သွားဆဲကြတယ်။

ထိုအချိန် မူချောင်ရဲ့ဖန်တွေကတော့ ပျော်လွန်းလို့ သူတို့ရဲ့လက်ဖဝါးတွေကို ပွတ်လိုက်ကြတယ်။

အခုနောက်ပိုင်း မူချောင်က ချစ်မှုရေးရာကင်းမဲ့နေသည်မဟုတ်ပါလား, စုပိုင်နဲ့ ကောလဟာလတွေမှာတောင်, သက်သေခိုင်မာတဲ့ ဓာတ်ပုံတွေဆိုတာမျိုး မရှိ။

အားလုံးက shipperဖန်တွေရဲ့စိတ်ကူးယဉ်ဇာတ်လမ်းတွေသာ ဖြစ်လေတယ်။

ထို့ကြောင့် သူတို့မှာ ဖျော်ဖြေရေးလောကထဲမှာရှိတဲ့ မူချောင်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ
တစ်ယောက်ပြီးတစ်ယောက် လက်ထပ်ကုန်ကြတာကိုသာ ကြည့်နေရကာ, မူချောင်ဘက်မှာတော့ လုံးဝလှုပ်ရှားမှုမရှိခဲ့ပေ။

ဖျော်ဖြေရေးလောကရဲ့ နံမည်ကြီးသတင်းဆိုဒ်တွေကတောင် မူချောင်က လိင်တူကြိုက်သူတစ်ယောက်လားလို့ မေးခွန်းထုတ်ခဲ့ကြလေတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now