" မငိုပါနဲ့ ကလေးရယ်။ ကိုယ် နောက်တစ်ခါမပြောတော့ပါဘူး။ "
" အင့်... ဘာလို့ ဉီးဇန်က အမြဲတမ်း နစ်နာခံနေတာလဲ။ ဘာလို့ ကျွန်တော့်ကိုပဲ အလျော့ပေးနေတာလဲ။ တခါတလေ ဉီးဇန် တကိုယ်ကောင်းဆန်လို့ ရရဲ့သားနဲ့။ "
" ဟန် ကိုယ်က ဟန့်ကို ချစ်တဲ့သူ။ ဟန်မချစ်နိုင်ဘူးဆိုရင်တောင် ကိုယ့်ဘက်က ချစ်တာကို ရပ်တန့်ပစ်မှာမဟုတ်ဘူး။ ဟုတ်တယ်။ ကိုယ် ဟန့်အပေါ် တကိုယ်ကောင်းဆန်ဆန် အတင်းအကျပ်လုပ်လို့ရတယ်။ ကိုယ် မလုပ်ချင်ဘူး ဟန်။ ဟန် ကိုယ့်ကြောင့် စိတ်ပင်ပန်းရမှာ မလိုချင်ဘူး။ ကိုယ့်အတွက် ဟန်က အရာရာပါ။ ကိုယ်လုပ်လိုက်တဲ့ အရာတွေကြောင့် ဟန် ကိုယ့်ကို မုန်းသွားမှာ၊ ကိုယ်သေရမှာထက် ကြောက်တယ်။ "
" ဉီးဇန် "
ဉီးဇန်လိုလူက သေရမှာထက် ဟန် မုန်းသွားမှာကို ပိုကြောက်သည်တဲ့။ ဉီးဇန်လို လူမျိုးက အပိုတွေမဆိုတတ်မှန်းသိတာကြောင့် ဟန် စကားလုံးတွေပျောက်ရှကုန်သည်။
" တိတ်တော့နော်။ ကိုယ့်ကြောင့် အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ ကိုယ်က အသက်ကြီးပြီ ဟန်။ ကိုယ် ဟန်နဲ့အကောင်းဆုံးဆက်ဆံရေးတစ်ခုဖြစ်ဖို့ လေ့လာနေရဆဲပါ။ ဒါကြောင့် အမှားတွေပါသွားရင် ကိုယ်တောင်းပန်ပါတယ်။ "
" ဉီးဇန် "
" အင်း "
" ကျွန်တော့်ကို ဖက်ထားပေးပါဗျ။ "
ဉီးဇန် ချက်ချင်းပင် တရှုံ့ရှုံ့ငိုနေသော အမျိုးသားငယ်အား ရင်ခွင်ထဲ ထွေးပွေ့လိုက်ကာ ကျောပြင်လေးအား လက်ဖြင့် ခပ်ဖွဖွပုတ်ပေးနေမိသည်။ ဟန်ကလည်း ဉီးဇန်အား တင်းကြပ်စွာ ထွေးပွေ့လာ၏။
....................
တစ်လခန့်ကြာပြီးနောက်...
ထိုကိစ္စတွေအပြီး ဟန်က ဉီးဇန်အား အရင်ကထက် ပိုပြီးအခွင့်အရေးပေးလာတာကို ခံစားရသည်။ မနက်ခင်း အိပ်ရာထတိုင်း ပါးလေးနှစ်ဖက်အား နမ်းခွင့်ရသည်။ ညအိက်ချိန်တိုင်းလည်း ပါးလေးနှစ်ဖက်အား တယုတယနမ်းခွင့်ရသည်။
ဒါ့အပြင် ကျောင်းမှာလည်း ဟန်က ဉီးဇန်နဲ့ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းသာနေ၏။ တခါတရံ ဉီးဇန်ရဲ့ အလုပ်သို့သွားကာ အိမ်ကို တူတူပြန်ဖြစ်တာမျိုးလည်းရှိသည်။
YOU ARE READING
DEAREST
Romanceစိတ်ကူးယဉ်ပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည့်အတွက် လက်တွေ့နှင့်လုံးဝမသက်ဆိုင်ပါ။ Sweet ပိုင်းပိုသွားတာမို့ အဆင်မပြေတာများရှိရင် ကျော်သွားဖို့ တောင်းဆိုပါရစေ။
Part 21*
Start from the beginning
