ဘာမှတောင် မပြောရသေး။ ကောင်ငယ်လေးက နှုတ်ခမ်းတွေဆူကာ မျက်နှာလေးက မှောင်ကုတ်ကုတ်ကလေးဖြစ်သွား၏။ သော်စစ်နဲ့ဉာဏ်လင်းမှာ ဆေးထိုးလိုက်ရတာကြောင့် ကျေနပ်နေ၏။

" ကြည့် ကိုယ်က ဘာပြောရသေးလို့လဲ။ ကိုယ်က ဒီတိုင်းမေးကြည့်တာပါ။ ကိုယ့်အမျိုးသားကို ကိုယ်ပဲ ပိုင်တာ "

" ဟာ ဉီးဇန်! "

ဟန်မှာ သူငယ်ချင်းရှေ့ အပြောခံလိုက်ရတာကြောင့် မျက်နှာရဲခနဲ ဖြစ်သွားသည်။ ဒါကို မြင်တော့ ဉီးဇန်က ပြုံးသည်။ သောစစ်တို့နှစ်ယောက်မှာလည်း ထိုအဖြစ်အပျက်ကြောင့် ပါးစပ်အဟောင်းသား။

" ဟို...ဟို ကျွန်တော်တို့ ပြန်တော့မယ်ဗျ။ နောက်နေ့မှ ထပ်လာခဲ့ပါမယ်။ "

" နေ...နေဉီးလေ "

ဟန် တားတာကိုပင် မစောင့်။ သော်စစ်တို့နှစ်ယောက် အလျင်အမြန်ပင် ထွက်သွားတော့သည်။

" အဲ့တာ ဉီးဇန်ကြောင့် "

" ကိုယ် ဘာလုပ်လို့လဲ "

" ဉီးဇန်ကိုယ်တိုင်သိမှာပေါ့ "

မျက်နှာချင်းဆိုင်မှ တစ်ဖက်သို့ လှည့်သွားပြီဖြစ်သော အမျိုးသားငယ်ကြောင့် ခပ်ဟဟရီမိသည်။ ရှက်သွားသော ကောင်ငယ်လေးအား သူချော့ရပေဉီးမည်။ နေမကောင်းဖြစ်နေတာမို့ စိတ်ပင်ပန်းရတာမျိုးမဖြစ်စေချင်။

" ဟန် ကိုယ့်အမျိုးသားက ဟန်ပဲလေ။ ဟန်က ကိုယ်ိ့အပိုင်လို့ပြောမိတာဟာ ကိုယ့်အနေနဲ့မမှားဘူးလို့ထင်တာပဲ။ ဟန်က ဘယ်လိုသဘောထားလို့လဲ။ ကိုယ့်ကို ဟန် သဘောမကျရင်တောင် ဟန့်စိတ်ထဲက တစ်နေရာရာမှာရော ကိုယ်မရှိဘူးလား။ "

" ဉီးဇန် "

ထိုအခါ အမျိုးသားငယ်က မျက်ရည်တွေ ဝေ့သီကာ ကြည့်လာ၏။ ဘာကို ဝမ်းနည်းသွားသည်တော့ ဉီးဇန်မသိ။

" ကိုယ်က ဟန့်ကို အပြင်တင်နေတာမဟုတ်ဘူးနော်။ ဟန် ရှက်သွားတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ကိုယ်က ဟန့်ကိုမပိုင်ရဘူးဆိုရင်တောင် ဟန်ကတော့ ကိုယ့်ကို ပိုင်ပါတယ်။ "

ထိုသို့ပြောလိုက်ကာမှ အမျိုးသားငယ်က မျက်ရည်တွေ သွင်သွင်စီးကျကာ ငိုပါတော့သည်။ ဉီးဇန်ကိုယ်တိုင်လည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရသည်။

DEARESTWhere stories live. Discover now