ရှောင်လင်က ထန်းရှောင်ကို ဘယ်လိုအရည်အချင်းရှိတဲ့ Antiဖန်ဖြစ်အောင် လုပ်ရမလဲဆိုတာ လမ်းညွှန်သင်ကြားပေးတော့တယ်။
သူမက တောင်တန်းတွေနဲ့ မြစ်ချောင်းတွေကိုတောင် ဝါးမြိုပစ်နိုင်တဲ့ အင်အားရှိရမယ်, ထန်းရှောင်ရဲ့တခြားသော ဖန်တွေနဲ့ အချင်းချင်းကိုက်ကာ fan warတွေ အပြန်အလှန်စစ်ခင်းနိုင်တဲ့သူ ဖြစ်ရမယ်ဆိုလားဘဲ....။

ရှောင်လင်က အထူးတလည်ကို လက်တွေ့ပါသင်ကြားပေးတယ်။
"ရင်ဘတ်ကြီးကြီးနဲ့ မိန်းမတွေက ဦးနှောက်မရှိကြဘူးလို့ လူတိုင်းပြောကြတယ်မလား။ ဒါပေမဲ့ ထန်းရှောင်ကတော့ သူမရဲ့ရင်ဘတ်ကို အခုလိုမျိုးကိတ်နေအောင် ခွဲစိတ်ပြုပြင်ထားပေမဲ့, နှမြောစရာက သူမက မွေးကတည်းကကို ဦးနှောက်ပါမလာတာပဲ"

ထန်းရှောင်:.....

"သူမရဲ့ စိတ်နေစိတ်ထားကလည်း ဆိုးဝါးလိုက်တာ လွန်ရော, ရုပ်ကလည်း အရမ်းဆိုးသေး။ ဘယ်သူကများ ဒီလိုအရှက်မရှိနေဖို့ ယုံကြည့်ချက်တွေ ပေးလိုက်တာလဲ? အနည်းဆုံးတော့ သူတပ်ထားတဲ့ မျက်နှာလေးကို အားနာပါအုံး"

ထန်းရှောင်:.....

"မျက်နှာကလည်း အရူးလိုပဲ"

ထန်းရှောင်:.....

"ရှောင်လင်...ငါ့ကို အမှန်တိုင်းပြောစမ်းပါ, နင် ငါ့နောက်ကွယ်မှာ ငါ့ကို ဒီလိုမျိုး ခဏခဏ ကျိန်ဆဲနေတာမလား?"

ထန်းရှောင်မှာ ရှောင်လင် သူမကို အလွယ်တကူနဲ့ ဆဲဆိုနေတာကို ကြည့်ပြီး ရှောခ့်ရနေတယ်။

အပေါ်ယံကြားရုံနဲ့တင်, သူမ(ရှောင်လင်) ဒီလိုဆဲဆိုတာမျိုးကို အရင်က မရေတွက်နိုင်အောင် လုပ်ဖူးမှန်း သိသာနေသည်ပင်။

".....အဟမ်း... ခဏခဏတော့ မဟုတ်ပါဘူး"

ထန်းရှောင်:....ဪ.....ကျေးဇူးပဲ။

"ကောင်းပြီ! ငါပြောမယ် အခုပဲ အဆင်သင့်ပြင်ပြီး လုပ်ငန်းစလိုက်ကြစို့! နင့်ဘဝကို ကမ္ဘာ့တစ်ဖက်ခြမ်းထိ ရောက်အောင် သုတ်ခြေတင်ရင်း စလို့ရပြီ။ world chatထဲကိုလည်း မျက်နှာသွားပြဖို့ မမေ့နဲ့"
ရှောင်လင်က သူမကို ဆွဲခေါ်လိုက်ပြီး ပြေးဖို့ အသိပေးလိုက်တော့တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now