ပြီးတော့, သူမမှာ မူချောင်ရှိနေတဲ့ဟာ, ဘာကိစ္စ သူမက သူ့ခန္ဓာကိုယ်နဲ့ပေးဆပ်တာကို လိုနေရမှာလဲ။

LanRe Serverသားတွေလည်း ကြောင်အသွားကြတယ်။

ထန်းရှီလေးလို ကန်းနေတဲ့စောက်ရူးတစ်ကောင် နောက်ထပ် ထပ်ပေါ်လာတာလား?

LanRe Serverမှာ ပုံစံအမျိုးမျိုး typeမျိုးစုံ လှတာရွေးမလား, ချစ်ဖို့ကောင်းတာမျိုးလား ဒါမှမဟုတ် ဆက်စီလား....ဒီလောက်ပေါလောနေတာကို, လက်ရှိရေပန်းစား လူကြိုက်များနေတာ ထန်းရှီလေးတဲ့လား?

တားမြစ်မြို့တော်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ တခြားServerက ဂိုဏ်းတစ်ဂိုဏ်းရော ပါတယ်ဆိုတာ အရင်ကတည်းက သူတို့ကြားဖူးပေမဲ့ အခုလက်ရှိ, ဂိုဏ်းခေါင်းဆောင်က တခြားserverက လူဖြစ်နေပြီး ဒီလောက်ထိ အမိုက်စားရိုက်ချက်နဲ့ ထွက်ပေါ်လာတာလား?

LanRe Serverသားတွေက မူလကတော့ ပစ္စည်းသူခိုးက ထန်းရှီဖြစ်နေတာကြောင့် ပွဲအကြီးကြီး ကြည့်ရဖို့မျှော်မှန်းထားပေမဲ့ အခုတော့ သူတို့အကုန်လုံး ပေါက်ကွဲကုန်ကြတော့တယ်။

ဒါမျိုးကို ဘယ်လိုခေါ်ရမလဲ? ငိုချင်ရဲ့လက်တို့ တော့မဟုတ်ဘူး, အတင်းတုပ်ချင်ရဲ့ ရှေ့တည့်တည့်မှာ ဖြစ်သွားပြီ!

[World] ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေး: "ဖာခ့်***, တစ်ယောက်ယောက်က စုမူကျိဆီကနေ ထန်းရှီလေးကို နှိုက်မြည်းဖို့ ကြိုးစားရဲတဲ့သူကို ငါတစ်ခါမှ မမြင်ဖူးဘူး။ ပြီးတော့လည်း နေခင်းကြောင်တောင်ကြီးမှာတောင် ဖြတ်နှိုက်ဖို့ လုပ်ရဲတယ်"

[World] မိန်းမလှငါးရာဝန်းရံနေတဲ့ နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "အခုနောက်ပိုင်း တားမြစ်မြို့တော်ကကောင်တွေ ဘာတွေဖြစ်နေကြလဲမသိဘူး။ အကုန်လုံးက ထန်းရှီစောက်ရူးကောင်ကိုပဲ လာကြိုက်နေကြတယ်။ ဂြိုဟ်မွှေတာက လွဲပြီး ဒီကောင်မှာ ဘာကြိုက်စရာများ ရှိနေလို့လဲ?"

[World] အားကောင်းတဲ့ ဟော့ပေါ့လေး: "ဘာကြောင့်လည်းဆိုတာ ငါလည်းသိချင်နေတာ။ တစ်ခါတရံမှာ လူလေးငါးယောက်လောက် စောင်လုံးကန်းပြီး ကစားတတ်တာသိပေမဲ့ အဲ့ဂိုဏ်းသားတစ်ဝက်လောက်က ဘာကြောင့်များ ထန်းရှီပေါ် စုံလုံကန်းနေကြလဲမသိဘူး? စန်းများ ပါလာတာပဲလား"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now