ဂျီမင်ကြောင်တောင်တောင်ဖြစ်နေစဉ်မှာပင် တစ်စုံတစ်ယောက်က သူ့လက်အားလာဆွဲကိုင်ကာ တစ်နေရာသို့ခေါ်ဆောင်သွားနေသည်။စိတ်ကိုစုစည်းရင်းလက်လာကိုင်သူအားကြည့်လိုက်တော့ ဒေါက်တာဂျင်။
ဘေးနားကလူတွေကိုကြည့်မိတော့ ဂျောင်ဂုအဖေရော ဂျီမင်မိဘများပါရှိနေပြီး သူ့အားပြုံးတုံ့တုံ့ကြည့်နေကြသည်။သင်္ဘောပေါ်ရှိအမျိုးသားများက suitအပြည့်နှင့်ဖြစ်ပြီး အမျိုးသမီးအားလုံးကတော့ evening dreesများဝတ်ဆင်ထားခြင်းကိုကြည့်ပြီး ဂျီမင်နည်းနည်းတော့ရိတ်မိသလိုရှိလာသည်။
ဒါမင်္ဂလာဆောင်တစ်ခုရဲ့အပြင်အဆင်မဟုတ်ပါလား။သူလျှောက်လှမ်းနေတဲ့လမ်းမှာခရမ်းရောင်ပွင်းဖတ်များခင်းထားသည်ကိုသတိပြုမိသည်။ပတ်ဝန်းကျင်ကိုေလ့လာရင်းစိတ်နဲ့ကိုယ်မကပ်တာ ခဏခဏ။စိတ်ကကိုယ်မှာပြန်ကပ်တော့ ဂျီမင် stage တစ်ခုပေါ်သို့ရောက်နေလေပြီ ဒေါက်တာဂျင်အစား သူရှေ့မှာဂျောင်ဂုရှိနေခဲ့ပြီ။
ပတ်ဝန်းကျင်အားလေ့လာမိတော့ ဂျီဟိုဆိုတဲ့အမက စင်အောက်မှာပြုံးလျက်သူတို့အားကြည့်နေသည်။မျက်နှာမှာလဲကြည်နူးမှုများပေါ်လွင်နေခဲ့သည်။ကျန်လူများမှာလဲထိုနည်းတူပင်။
ဂျီမင် ရှေ့ပြန်လှည့်လိုက်တော့ မုဆိုးဒူးထောက်ထိုင်နေတဲ့ဂျောင်ဂု။လက်ထဲမှကတ္တီပါဗူးလေးအားဖွင့်လိုက်ပြီး။
"မောင် babyကိုချစ်တယ်။မဟုတ်ဘူး babyကိုအသက်ထက်မက မြတ်နိုးတယ်။babyဟာမောင့်ရဲ့အသက်ရှည်ဆေးဖြစ်သလို babyကပဲ မောင်ရဲ့သေမယ့်နေ့ကိုသတ်မှတ်ပေးနိုင်တဲ့သူတစ်ယောက်ပါ။မောင့်အချစ်ကိုလက်ခံပေးနိုင်မလား။ပြီးတော့ မောင်နဲ့လူသိရှင်ကြားလက်ထပ်ပေးနိုင်မလားbaby"
ဒီလိုတွေအထိလုပ်ပြီးထားမှတော့ လူသိရှင်ကြားဖြစ်နေပြီပဲလေလို့ဂျီမင် မတွေးမိတော့။သူစိတ်ထဲ ပျော်ရွှင်အံ့ဩခြင်းတွေသာရှိနေခဲ့လေသည်။
"အင်း လက်ခံတယ်။မောင့်သဘော အရာအားလုံးဟာမောင့်စိတ်တိုင်းကျပါ"
ပြောရင်းဂျီမင်မျက်ရည်များကျလားသည်အထိဝမ်းသာမိပါသည်။ဂျောင်ဂုကလဲ ဂျီမင်မျက်ရည်အားအားညင်သာစွာသုတ်ပေးရင်း
YOU ARE READING
မုန်းလိုက်ချင်သည်/မုန္းလိုက္ခ်င္သည္(Completed)