Part 10

1.7K 130 2
                                    

အရင်ကဂျောင်ဂုနေခဲ့တဲ့အခန်းမှာပဲ သူတို့နေဖြစ်သည်။ဂျောင်ဂုက ခရီးပန်းလာလို့နားချင်သည်ဟုဆိုသောကြောင့် နှစ်ယောက်သားအခန်းထဲတွင်ရှိနေခြင်း။တကယ်တော့ ဂျီမင်အနေရခက်နေမှန်းသိ၍ ဂျောင်ဂုကအခန်းထဲခေါ်လာခြင်းဖြစ်သည်။

"Babyရေချိုးလိုက်ပါလား လန်းဆန်းသွားအောင်လို့ မောင်ကbabyပြီးမှချိုးလိုက်မယ် နော်"

"မင်း....ဟိုဟာ မောင်အရင်ရေချိုးလိုက်ပါ ပြီးမှပဲ ငါချိုးတော့မယ်"

မျက်မှောင်ကြုတ်ကာကြည့်နေသောဂျောင်ဂုကြောင့် ဂျီမင်ပြောင်းခေါ်လိုက်မှ ပြန်၍ပြုံးသွားတော့သည်။ဂျောင်ဂု သူ့‌အပေါ်ထားတဲ့အပြုအမူကို အချစ်လို့မသတ်မှတ်ချင်ပါ။မသတ်မှတ်ရဲတာဆိုပိုမှန်မည်။ဂျောင်ဂုရဲ့အပြုအမူတွေကို သူရိပ်မိပါသည်။သို့ပေမဲ့ မယုံကြည်ရဲပါ။အကယ်၍ တစ်ခုခုလွဲချော်ခဲ့ရင် သူသေသွားနိုင်သည်လေ။

"Baby ဘာတွေတွေးနေတာလဲ မောင်ခေါ်နေတာကြာလှပြီ"

‌လက်မောင်းနှစ်ဖက်အားဆွဲလှုပ်ကာခေါ်လိုက်တော့မှ ဂျီမင် အတွေးကမ္ဘာမှပြန်ရောက်ရှိလာတော့သည်။

"ဟင် ...အင်း ပြောလေ"

"ဘာကိုပြောလေလဲ မောင်ရေချိုးပြီးပြီမလို့ babyရေချိုးလို့ရပြီလို့ပြောနေတာလေ အတွေးတွေက ဘယ်သူ့ဆီရောက်နေတာလဲ ...မှန်မှန်ပြောနော်"

"ဘာမှ‌မတွေးပါဘူး ဘယ်သူ့ဆီမှလဲမရောက်ပါဘူး"

"ဘာကိုမတွေးတာလဲ ဘာကိုမရောက်တာလဲ မောင်ခေါ်တာတောင်မသိတာက တွေးနေလို့ပေါ့ မှန်မှန်ပြော ba~by~"

"ဟို...ငါ မင်းအကြောင်းတွေးမိနေလို့ပါကွာ"

"တကယ်လား"

"မညာပါဘူး"

ထိုအခါမှ ပြုံးသွားသောဂျောင်ဂု။‌ေဂျာင်ဂုရဲbabyဆို‌‌ေသာအသံမှာ ပုံမှန်မဟုတ်နေပါ။အဲ့လိုခပ်ချွဲချွဲအသံကကြောက်ရသည်။ကိုယ်တွေနှစ်ယောက်ထဲရှိတဲ့အိမ်မဟုတ်လို့ ညည်းသံများလဲ မထွက်ချင်ပါ။ဂျီမင်လဲရေချိုးခန်းထဲမြန်မြန်ဝင်ကာ ရေချိုးလိုက်တော့သည်။ဒီနောက်ပိုင်း သူစိတ်နဲ့ကိုယ် အမြဲကပ်နေရသည်။မကပ်ရင် super glue ‌နဲ့တောင်ကပ်ထားချင်သည်။မဟုတ်ရင် ဂျောင်ဂုရစ်တာခံရမည်သာ။သူ့အကြောင်းတွေးနေတာလို့ပြောရင်တော့ ကျေနပ်နေပြန်ရော။

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Dove le storie prendono vita. Scoprilo ora