Part 12

1.5K 121 7
                                    

ဂျောင်ဂုအိမ်မကပ်တာ သုံးလလောက်ပင်ရှိနေချေပြီ။ဂျီမင်အိပ်ရာမနိုးခင် အလုပ်ထသွားကာ ဂျီမင်အိပ်ပျော်သွားမှ အိမ်ပြန်လာလေ့ရှိသည်တဲ့လေ။သုံးလလုံးလုံး ဂျောင်ဂုမျက်နှာလေးကို မမြင်ရလို့ ဘယ်လို ဘယ်ပုံရှိနေပြီလဲတောင် သူမသိတော့။ဆံပင်တွေများရှည်နေပြီလား၊နှုတ်ခမ်းမွေးလေးတွေရောပေါက်နေပြီ‌လား၊တက်တူးတွေရော ထပ်ဖြည့်ထားသေးလား သူမသိပါ။

ကိုယ်ကစပြီးဖွင့်ပြောလိုက်ပြီမလို့ ဂျီမင် ဂျောင်ဂုအချစ်ကိုမဝံ့မရဲတော့ မျှော်လင့်မိပါသည်။မတွေ့ရတာကြာပြီမလို့အရမ်းလဲ လွမ်းလှပါသည်။ဒီနေ့တော့ သူ ဂျောင်ဂုရဲ့ကုမ္ပဏီသို့လိုက်သွားမည်။မကြင်သူကနေနိုင်သော်ငှား ချစ်နေသူအဖို့တော့ မတွေ့ရသည့်ရက်များဟာ အလွန်ပင်မှ ခက်ခဲလှပါသည်။

"ဒုဥက္ကဌ အလုပ်ကိစ္စနဲ့ အပြင်သွားပါတယ်ရှင့် ဘယ်သူလို့ပြောလိုက်ရပါမလဲရှင့်"

"ဒုဥက္ကဌ နိုင်ငံခြားဧည့်သည်တွေနဲ့သွားတွေ့ပါတယ် ဘယ်သူလို့ပြောလိုက်ရမလဲရှင့်"

"ကြိုချိန်းထားတာရှိပါလားရှင့်"

"မရှိပါဘူး"

"အဲ့တာဆို ဒုဥက္ကဌက အရေးကြီးကိစ္စနဲ့အပြင်သွားနေလို့ ကြိုချိန်းယူပေးပါနော်"

"ရပါတယ် မလိုတော့ပါဘူး ခွင့်ပြုပါဦး"

"ဟုတ်ကဲ့ပါရှင်"

တစ်ပတ်တိတိ သူ့ကုမ္ပဏီသို့ သွားခဲ့သော်လည်း မတွေ့ရတဲ့အပြင် ဝန်ထမ်းတွေကတောင် သူ့ကိုမျက်စိဆံပင်မွှေးဆူးနေပြီလားတောင်မသိ။သူ့ကိုမည်သူကမှ ဂျောင်ဂုယောကျာ်းမှန်းမသိခြင်းကြောင့် ဧည့်ခံဖို့မဆိုထားနှင့် ဂျောင်ဂုအားနှောက်ယှ‌က်နေသူဟု မထင်လျှင်‌တောင်ကံကောင်း။

ဂျီမင်ပြန်လှည့်သွားချိန် သူ့ဘေးမှတီးတိုးပြောကာ ဖြတ်လျှောက်သွားသော ဝန်ထမ်းမလေးနှစ်ယောက်၏စကားများကြောင့် ကမ္ဘာပျက်ရတော့သည်။

"ဟဲ့ နင်သိပြီးပြီလား ဒုဥက္ကဌက လက်ထက်တော့မှာတဲ့ ခုလဲ အဲ့အတွက်အရမ်းအလုပ်ရှုပ်နေတာတဲ့"

"ပြောပါဦး ဘာတွေကို အလုပ်ရှုပ်နေတာလဲ"

"ငါလဲအလုပ်ရှုပ်နေတယ်ပဲသိတာဟ"

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Where stories live. Discover now