Part 8

1.7K 130 2
                                    

ဓာတ်မှန်အဖြေကိုတော့ ဂျောင်ဂုတစ်ယောက်ပဲသွားယူသည်။ဆီခုံနားတစ်ဝိုက်ကိုပဲဓာတ်မှန်ရိုက်တာမလို့ ဂျီမင်စိုးရိမ်မိသည်။ဘာမှ မထိခိုက်ပါစေနဲ့ဟုသာ ကြိတ်ဆုတောင်းနေရသည်။

တစ်ဖတ်တွင်တော့ ဓာတ်မှန်ကိုကြည့်ရင်း bam bamမှ

"ဂျောင်ဂုရေ ဂျီမင်ဆီမှာသားအိမ်ရှိနေတာ်ကွ"

"ဘယ်လို?"

"ဟုတ်တယ် ငါ့အထင်တော့ သဘာဝအတိုင်းမဟုတ်လောက်ဘူး"

"ဟုတ်လား ဂျီမင်အတွက်ရော အန္တရာယ်ရှိနိုင်လား"

"အဲ့ဒါကတော့ OG နဲ့ပဲတိုင်ပင်သင့်တယ် ငါ့အသိအကိုတစ်ယောက်ရှိတယ် ။မင်းနဲ့ချိတ်ပေးမယ် ။တစ်ခုပဲ သူကအပေါက်တော့ဆိုးတယ်။စိတ်ရင်းကောင်းတယ်။အရည်အချင်းရိှတယ်။ကမ္ဘာပေါ်မှာ သူသာလျှင်အချောဆုံးလို့ထင်နေတာ။သူ့အကြောင်းကို မင်းကိုသိအောင် ပြောထားတာ"

"အင်းပါ ဒါနဲ့သူနာမည်က?"

"ကင်ဆော့ဂျင် တဲ့"
-------------------------
"အကိုဂျင် ဒီမှာ ကျွန်တော်ပြောတဲ့ ဂျောင်ဂုဆိုတာလေ"

"‌ဪ သားအိမ်ရှိနေတဲ့ကောင်လေးရဲ့ ယောကျာ်းဆိုတာလား"

"အင်း ဟုတ်တယ်"

Bam bam ကဂျင်ကို ဂျောင်ဂုနှင့် မိတ်ဆက်ပေးနေခြင်းဖြစ်သည်။

ဂျင်က

"အဲ့တာက ကာယကံရှင်ကိုခေါ်ခဲ့မှာရမှာကွ ကာယကံရှင်မပါတော့ ငါကဘယ်လိုလုပ်ပြီး သိနိုင်မလဲ"

"ဟုတ်ကဲ့ ဟိုလေ သူ့ကိုကြည့်ပြီရင်လေ ကျွန်တော့်နဲ့ပဲသက်သက်ပြောပါနော်"

"အေးပါကွာ"

ဘာလို့လဲ ဂျင်မေးမနေပါ။ဒါက သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပဲလေ။

"ဒါနဲ့......ဓာတ်မှန်ကိုကြည့်ရတာတော့ သဘာဝအတိုင်းမဖြစ်နိုင်ဘူး။ခွဲစိတ်ပြီး ထည့်ထားတာဖြစ်ဖို့များတယ်။ဒါပေမဲ့ တော်တော်တော့ ကြာနေလောက်ပြီ။"

"ဗျာ.....ဟို.....ခန့်မှန်းခြေ ဘယ်နှစ်နှစ်လောက်ရှိလောက်ပြီလဲဟင်"

"၃နှစ်နီးပါတော့ ရှိလောက်ပြီ"

"ဪ ဟုတ်ကဲ့"

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Où les histoires vivent. Découvrez maintenant