Part 4

1.6K 148 11
                                    

နောက်ပိုင်းဂျန်ဆီသူငယ်ချင်းရော်ဘင်ဟာ အကြောင်းအမျိုးမျိုးပြကာ အိမ်ကိုခဏခဏလာတက်သည်။အခုလဲ နေ့လယ်ခင်းဘက်ရောက်လာပြန်သည်။ဂျီမင် လက်ရာထမင်းစားချင်လို့ဆိုပြီး။

မီးဖိုဆောင်မှာ ဂျီမင်ချက်ပြုတ်နေတုန်း ရော်ဘင်ဟာ ဂျီမင်းကိုအနောက်ကနေ၍ပွတ်သီးပွတ်သက်၊မဖွယ်မရာလုပ်ရန်ချည်းကပ်လာပြီး စ၍လှုပ်ရှားတော့

ဂျီမင်းကတွန်းလိုက်ပြီး

"မင်းဘာလုပ်တာလဲ မိုက်ရိုင်းလှချည်လား ငါယောကျာ်းလေးကွ"

"ဂျီမင်ရာ ငြင်းမနေပါနဲ့ ခင်များ ဘာဆိုတာကျွန်တော်သိပါတယ် ကျွန်တော်နဲ့ပျော်ရအောင်ပါဗျာ လာပါ"

ပြောပြီး ဂျီမင်ကိုဆွဲကာ ဖတ်ပြီးအတင်းနမ်းဖို့ပြင်နေတုန်း ဂျီမင်ကဆောင့်တွန်းလိုက်သောကြောင့် စားပွဲဇောင်းနဲ့ရော်ဘင်နောက်စိနဲ့အရှိန်ဖြင့်ဆောင့်မိ၍ ခေါင်းပေါက်ကာသွေးထွက်သွားတော့သည်။

မီးဖိုဆောင်မှအသံတွေကြောင့် ဂျန်ဆီတယောက်ဧည့်ခန်းမှပြေးလာပြီး

"ဘာတွေဖြစ်နေကြတာလဲ ဟယ် ရော်ဘင်ခေါင်းကသွေးတွေ ဘယ်လိုဖြစ်တာလဲ"

"သူ ငါ့ကိုယောကျာ်းချင်းမကောင်းကြံပြီး အတင်းဖတ်နမ်းနေလို့ တွန်းလိုက်တာ အားပါပြီးအဲ့လိုဖြစ်သွားတာ"

"နင်မိုက်ရိုင်းလှချည်လား နင်ဘာတွေကိုဖြူစင်ဟန်ဆောင်နေတာလဲ နင်ကအခြောက်ပဲလေ ‌ောက်ပိုတွေလုပ်မနေစမ်းပါနဲ့"

"ဘာတွေဖြစ်နေကြတာလဲ!!!"

အချိန်ကိုက်ရောက်လာသော ဂျောင်ဂု

"သူငါကို..."

"ကိုကို သူပေါ့ကလေးသူငယ်ချင်းက သူနဲ့ခင်ချင်လို့ နှုတ်ဆက်တာကို သူကဆောင့်တွန်းလွှတ်လိုက်တာလေ ဒီမှာခေါင်းကွဲသွားပြီ"

ဂျီမင်ပြောမဲ့စကားကို ဂျန်ဆီကမဟုတ်တာတွေကိုလုပ်ဇာတ်ခင်းကာဖြတ်ပြောလိုက်သည်။

ဖြန်း!!!!

ဆန်မုန့်လုံးလေးလို ဖြူနုဖောင်းကားနေတဲ့ ဂျီမင်ရဲ့ဘယ်ဘက်ပါးလေး ရဲတက်နီမြန်းလာခြင်းရဲ့တရားခံက ဂျွန်ဂျောင်ဂုသာဖြစ်သည်။

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Where stories live. Discover now