ဒေါက်..ဒေါက်...
"ဘယ်သူလဲ"
"ပတ်ဂျီမင်းပါ ပြောစရာရှိလို့"
"အင်း ဝင်ခဲ့လေ"
"ဟို...ငါ မင်းရဲ့စာကြည့်ခန်းမှာ စောင့်နေပါ့မယ်"
ဂျီမင်းကမာနသိပ်ကြီးပါသည်။တခါကဂျောင်ဂုရဲ့အခန်းထဲ သန့်ရှင်းရေးလုပ်နေတုန်း ဂျောင်ဂုရောက်လာကာ သူ့အခန်းထဲမည်သည့်အကြောင်းပြချက်နဲ့မှ မဝင်ရ။သန့်ရှင်းရေးလဲသူကိုယ်တိုင်လုပ်မည့်အကြောင်း။ဂေးတစ်ယောက်သူ့အခန်းထဲဝင်တာ မသတီကြောင်းပြောမိခြင်းကြောင့် ဘယ်တော့မှဂျောင်ဂုအခန်းထဲကိုမဝင်တော့ပါ။
"ဂျီမင် ဘာပြောစရာရှိလို့လဲ ပြောလေ"
ဂျောင်ဂု ဂျီမင်အပေါ် အရင်လိုတော့မမောက်မာတော့ပါ
"ဟို....အိမ်အလုပ်က ငါရှိနေတာပဲ ထပ်ခေါ်စရာမလိုပါဘူး။အခုဟာကလဲငါပေါ့စမိလို့ တောင်းပန်ပါတယ်။နောက်ဆိုသတိထားပါ့မယ်"
"မဟုတ်ဘူး ခင်များလဲသက်သာအောင်လို့ပါ။တစ်ယောက်တည်းမလုံလောက်လို့ ခေါ်တာမဟုတ်ပါဘူး။ခင်များလဲ နေ့လယ်နေ့ခင်း တစ်ယောက်တည်းမပျင်းတော့အောင်လို့"
"ရပါတယ် အဲ့အတွက်ဆိုရင်။အဲ့အစား ဟို......"
မပြောပဲစဉ်းစားနေတဲ့ဂျီမင်
"ပွင့်ပွင့်လင်းလင်းပြောပါ ဘာလဲ"
"အဲ့အစား ဟို......တစ်ခြားသူကိုပေးမယ့်လစာရဲ့တဝက်လောက်တော့ငါ့ကိုပေးပါလား"
"....."
"ငါအခွင့်အရေးယူတာမဟုတ်ပါဘူး။ငါလဲလိုအပ်တာလေးတွေဝယ်ဖို့ပါ"
ဂျောင်ဂုတကယ် ကိုယ့်ကိုယ်ကိုစိတ်ပျက်မိသည်။ဘူဆန်ကနေခေါ်လာပြီးသူ့ကိုအိမ်ထဲမှာပိတ်လှောင်ထားခဲ့သည်။အပြင်ထွက်ခွင့်ကိုလဲ ဟင်းချက်ရန်အတွက်ဈေးလောက်ပဲသွားခွင့်ပေးခဲ့သည်။ဂျီမင်ကလဲ ဝယ်ပြီးလို့ပိုတဲ့ပိုက်ဆံ အကုန်လုံးစာရင်းနဲ့ပြန်အမ်းခဲ့တာကြည့်ပဲ။
ကိုယ်ကိုတိုင်ကသူ့အတွက် ဘာမှမစဉ်းစားခဲ့မိ။သူကလဲအိမ်နဲ့ဈေးသာသိသောသူ။တာဝန်မဲ့ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုအရမ်းကိုစိတ်ပျက်မိပါသည်။
KAMU SEDANG MEMBACA
မုန်းလိုက်ချင်သည်/မုန္းလိုက္ခ်င္သည္(Completed)