Part 6

1.7K 135 9
                                    

အခုတလော ဂျောင်ဂုပြောင်းလဲနေတာကို ဂျန်ဆီရိတ်မိပါသည်။ဘယ်လိုဖြစ်ဖြစ် ဒီလို လူတိုင်းလိုချင်လောက်အောင် ရုပ်ချောတဲ့လူကို သူလက်လွှတ်အဆုံးရှုံးမခံနိုင်ပါ။အဲ့အတွက်သူချွဲရမည်။ယောကျာ်းတွေက ချွဲချွဲနွဲ့နွဲ့လေးတွေဆို သိပ်သဘောကျတာတဲ့။

#ဟုတ်တယ် ငါကိုကို့ကိုချွဲရမယ်။ဖိုက်တင်း ဂျန်ဆီ။ဖိုက်တင်း

ဂျောင်ဂုနဲ့ဂျီမင်အိမ်ထဲဝင်လာတော့

"ကိုကို... ကလေး ဗိုက်ဆာတယ်"

"အင်း....ဘာစားချင်လဲ မှာလေ"

"ဟို.....အာနူးချောနဲ့ကို့ တ်"

"ဟမ်??"

"ဟင်??"

ဘာမှမဆိုင်သလိုပုံမျိုးနဲ့ အိမ်ထဲဝင်မယ့် ဂျီမင်တောင် ကြောင်တောင်တောင်နဲ့ ရပ်နေမိသွားတယ်။

#ဒီနေ့ဘာနေ့လဲဟ။နှစ်ယောက်သားအရူးလုပ်တိုင်းများကစားနေကြတာလား။ဘယ်သူပိုရူးလဲပြိုင်နေတာလား။တစ်ယောက်ကလဲ မောင်တွေbabyတွေနဲ့။တစ်ယောက်ကလဲ အားနူးချောနဲ့ကို့ တ်တဲ့။အားလူးချောင်းနဲ့ကုတ်လို့ပြောတော့ သူ့နှုတ်ခမ်းနီတွေ ပျက်သွားမှာစိုးလို့များလား။
----------------------------
And it feels like (အူးးးးအားးးး)

"Hello"

ဂျောင်ဂုအိပ်မှုံစုံမွှားဖြင့်contacts nameကိုမကြည့်ပဲဖြေလိုက်သည်။

"မင်း ဆိုးလ်မှာရှိတာ ငါသိတယ်"

အသံကြားမှ ဖုန်းကိုနားမှခွာပြီးကြည့်လိုက်တော့။ဟုတ်ပါသည် မွေးသဖခင်ကျေးဇူးရှင်ကြီး။

"အဲ့တော့"

"ဒီ....ငါပြောရင်မကောင်းရှိတော့မယ်။ငါ မင်းအဖေနော်"

"ကျွန်တော်အိပ်နေတုန်းအဖေ။ပြောစရာရှိတာမြန်မြန်ပြောပါ"

"ဒီကောင်တော့ ..…အေး ငါလိုရင်ပဲ‌ပြောမယ် မင်း ဂျီမင်းကိုကွာရှင်းပြီး ဘူဆန်ပြန်ပို့ပေးတော့"

"ဘာလို့ပြန်ပို့ပေးရမှာလဲ။ကွာလဲမပေးနိုင်ဘူးပြန်လဲမပို့နိုင်ဘူး"

ဂျောင်ဂု တကယ်ဒေါသထွက်မိပါသည်။အခုမှ ဂျီမင်အချစ်ရဖို့ ကြိုးစားမလို့ရှိသေး လာပြီးကွာရှင်းခိုင်းနေတယ်။

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Where stories live. Discover now