Part 13

1.6K 130 10
                                    

"ဒါကဘာဖြစ်နေကြတာလဲ!!!!!"

ဝန်ထမ်းရဲ့အကြောင်းကြားခြင်းကိုပင်မစောင့်ဘဲ ဂျီမင် ရုံးခန်းထဲဇွတ်အတင်းဝင်မိကာမှ မြင်ရတဲ့မြင်ကွင်းက ဂျောင်ဂုနဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ဆိုဖာပေါ်ထိုင်ကာ နမ်းနေကြခြင်းကို မျက်မြင်တွေ့လိုက်ရသည်။

ဂျောင်ဂုခေါင်းနှင့်ကွယ်နေ၍ နှုတ်ခမ်းချင်းအပ်နေသည်ကိုမမြင်ရသော်လည်း ဤမြင်ကွင်းအားကြည့်ရုံနှင့်လူတိုင်းသိသည်။

"ဂျောင်ဂု မင်းတခြားသူကိုတွဲချင်ရင် ငါ့ကိုကွာရှင်းလိုက် ငါနဲ့ပေါင်းနေရင်းနဲ့တော့ မဖောက်ပြန်နဲ့ ငါ့ကိုခုချက်ချင်းကွာရှင်းပေး"

"မဟုတ်ဘူး babyထင်သလိုမဟုတ်ဘူး မောင်နဲ့ အစ်မဂျီဟိုနဲ့ကရိုးရိုးသားသား...."

"ဘာရိုးရိုးသားသားလဲ ဒီလောက်လက်ပူးလက်ကျပ်မိနေတာကို မင်းတို့နှစ်ယောက်နမ်းနေကြတာ မြင်နေတာတောင် ငြင်းချင်သေးတာလား"

"မဟုတ်ဘူး အဲ့တာ.."

"တော်ပြီ ဂျောင်ဂု ငါ့ကိုဘာဖြေရှင်းချက်မှမပေးပါနဲ့တော့။ အင်းပေါ့ မင်းကငါ့ကိုချစ်မှမချစ်ပဲ သာယာခဲ့ရုံသက်သက်ပဲလေ။ငါတို့နှစ်ယောက်ကွာရှင်းကြမယ်"

ပြောရင်းငိုကာ လှည့်ထွက်သွားရန်ကြံနေသော ဂျီမင်လက်အား ဂျောင်ဂု ဆွဲကိုင်ရင်းဖက်ထားလိုက်တော့ အတင်းရုန်းနေပြန်သည်။

"တော်ပါတော့ ...ဟင့်..ဘာမှ..မ..ရှင်းပြ...နဲ့..ရွှတ်...ဘာသံ..မှမ..ကြားချင်....ဘူး"

"အင်း အင်းပါ"

"ဖယ်တော့..ငါပြန်...မယ်"

ရုန်းကန်နေသောကောင်လေးအားဂျောင်ဂုလွှတ်မပေးပါ။

"ဒီနေ့သွားစရာရှိတယ် လိုက်ခဲ့။အစက ညနေမှလာခေါ်မလို့"

ဂျောင်ဂုရင်ခွင်ထဲ၌မျက်နှာအပ်နေသောကောင်လေးသည် ခေါင်းမာစွာငြင်းဆန်နေပြန်သည်။ရှိုက်နေ၍ စကားမပြောနိုင်တော့ ခေါင်းလေးတရမ်းရမ်းဖြင့်။

"မလိုက်လို့မရဘူး။ လာ ဒီမှာလာထိုင်"

ဆန့်ကျင်၍မရတော့မှန်းဂျီမင်သိသည်။‌ေဂျာင်ဂုတစ်ခုခုကို စိတ်အားထက်သန်လာလျှင် သူခေါင်းမာပါတယ်ပြောနေတဲ့ ဂျီမင်တောင် သူ့ကိုအလျှော့ပေးရသည်။ထို့ကြောင့် သူပြောတဲ့နေရာမှာသာထိုင်နေရတော့သည်။

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Hikayelerin yaşadığı yer. Şimdi keşfedin