Part 9

1.7K 130 0
                                    

ဂျောင်ဂုအလုပ်နားတဲ့ရက်လေးမှာ မိဘများရှိရာ ဘူဆန်သို့နှစ်ယောက်သားသွားဖြစ်ကြသည်။ဂျီမင်ရဲ့မိဘများကိုလဲ ထောက်ပံ့ပေးဖြစ်သည်။ဂျီမင်ကတော့ အစကလုံးဝလက်မခံပါ။ဂျောင်ဂုမှာ တော်တော်နားချလိုက်ရတယ်။

"မောင်တို့က လင်မယားတွေပဲလေ။babyမိဘ မောင့်မိဘပဲပေါ့။babyရာ မခွဲခြားထားပါနဲ့တော့ မောင်တို့က အတူတူပဲလေ....နော်"

ဒါတောင်ဂျီမင်ကသိပ်လက်မခံချင်ပါ။

"ဒါပေမဲ့ ငါတို့က ချစ်လို့..."

"Baby!!!!!"

ဂျောင်ဂု တော်ရုံကိစ္စတွေ ဂျီမင်မိဘတွေကို ပေးမသိချင်ပါ။အရင်ကမချစ်ခဲ့ပေမဲ့ အခုကချစ်လွန်းလို့ သူ့ရဲ့တကယ့်အပိုင်အဖြစ် လုပ်ယူထားရတာ။ကိုယ်ချစ်နေတဲ့အကြောင်းကိုနှုတ်ကနေ ဒီတိုင်းကြုံသလိုကြီးတော့မပြောချင်ပါ။အဖိုးတန်လေးမလို့ သေချာစီစဉ်ပြီမှ ဖွင့်ပြောချင်သည်။ကိုယ်ချစ်နေကြောင်းအမူအရာနဲ့ပြသော်လည်း အတွေ့အကြုံမရှိသူလေးကတော့ အရိပ်ပြ အကောင်မမြင်။

ဂျီမင်အားဂျောင်ဂုက မေးစေ့လေးကိုကိုင်ကာတီးတိုးသံဖြင့်

"အခု မောင်တို့က တကယ့်လင်မယားအစစ်တွေပဲလေ ။မောင်တို့နှစ်ယောက် အတူတူနေတာ ဘယ်နှစ်လတောင်ရှိပြီလဲ ဟင်"

ဂျီမင်မှလဲ မျက်နှာငယ်လေးဖြင့်

"ဒါပေမဲ့ မင်းကငါ့ကိုချစ်လို့ မဟုတ်ဘူးလေ။ပြီး‌တော့ ငါ့ကိုအရမ်းဂရုမစိုက်လဲရပါတယ်။ငါစိတ်ထဲမထားပါဘူး ငါတို့က ဒီတိုင်းပဲနေဖြစ်သွားကြတာပဲလေ။မင်းအမှားပဲလို့တော့ မတွေးပါနဲ့"

ဂျောင်ဂုတကယ်ရင်နာရပါသည်။သူ babyကိုဂရုစိုက်တာတွေက ချစ်လို့မဟုတ်ပဲ အမှားကိုတာဝန်ယူချင်လို့ လို့ထင်နေတာတဲ့လား။

"အဲ့ကိစ္စနဲ့ပတ်သက်ပြီး မောင့်ကိုမောင် မှားတယ်လို့ မခံယူထားဘူးbaby။ဒါနဲ့ မောင်ကbabyမချစ်ဘူးလို့ babyပြောတယ်နော်။ဒါဆို babyက မောင့်ကိုချစ်တယ်ပေါ့"

"....."

"ဖြေလေ မောင့်ကိုချစ်လားလို့"

"အင်း...ချစ်တယ် စတွေ့ကတည်းကပဲ"

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Where stories live. Discover now