Part 11

1.6K 122 0
                                    

ဂျောင်ဂုကြောင့် ဂျီမင်တစ်ပက်ကျော်လောက် အိပ်ရာကမထနိုင်ပဲ ဖျားတဲ့အချိန်တုံးကပေါ့။ချစ်ရသူ ဘယ်လိုနေခဲ့ရလဲ သိချင်မိ၍ ဂျောင်ဂု ဂျီမင်ရဲ့အခန်းထဲဝင်ကြည့်မိခဲ့ပြီးမှ စိတ်မကောင်းဖြစ်ရပြန်သည်။

အခန်းထဲမှာ အဝတ်ဗီရိုတောင်ရှိမနေ အဝတ်အစားဆိုတာကလဲ အတိအကျ ၅စုံသာရှိခဲ့သည်။ဟုတ်မှာပေါ့လေ ဂျီမင်ကိုသူခေါ်လာတာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့သာ။ခေါင်းဦးတစ်လုံး စောင်တစ်ထည် မွှေ့ရာတောင်မဟုတ်တဲ့ အိပ်ရာခင်းအပါးလေးကို ကြမ်းပြင်မှာခင်းထားသည့် အိပ်ရာမမည်သောအိပ်ရာလေးရယ် ။နောက် စာအုပ်လေးတစ်အုပ် ဘာစာအုပ်လေးပါလိမ့်ဟု ဂျောင်ဂုဖတ်ကြည့်မိမှ သိရသည်က ဂျောင်ဂုတို့သားအဖနှစ်ယောက်ကြား ပေါင်းကူးတံတားလေးဖြစ်ချင်နေသော ဂျီမင်ရဲ့စိတ်ဓာတ်လေး။ပြီးနောက် ရေးထားတာတွေက

//_ရက်_လ
ဒီနေ့ ဂျန်ဆီရဲ့သူငယ်ချင်း ရော်ဘင်ဆိုတဲ့တစ်ယောက်လာတယ်။ငါ့ကိုချုပ်ပြီး အတင်းနမ်းနေလို့တွန်းထုတ်တာတောင်မရဘူး။လုံးဝမရတော့တဲ့အဆုံး အားကုန်သုံးပြီးတွန်းထုတ်မိတော့စားပွဲဇောင်းနဲ့သူ့နောက်စိနဲ့စောင့်မိသွားခဲ့တာ။ငါတကယ်ဖြစ်ပါစေ ‌ဆိုတဲ့စိတ်နဲ့လုပ်ခဲ့တာမှမဟုတ်တာ။

ဂျောင်ဂုကိုရှင်းပြဖို့ကြိုးစားပါတယ် ။သူကနားမထောင်ခဲ့ဘူး။ဂျန်ဆီရဲ့မဟုတ်တာပြောတဲ့စကားကိုပဲသူကယုံတာလေ။အင်းပေါ့ မုန်းတဲ့သူနဲ့ချစ်တဲ့သူ ဘယ်သူ့စကားကိုယုံမလဲ အသိသာကြီကို။ဒါပေမဲ့ ဂျောင်ဂုကမှန်မှန်ကန်ကန်ဆုံးဖြတ်တက်တယ် ဆိုတဲ့စကားကိုတော့ ငါနဲနဲသံသယဝင်မိတယ်//

//_ရက်_လ
ဒီနေ့ငါချက်တဲ့ဟင်းရည်ကို မြည်းကြည့်တာအဆင်ပြေပါတယ်။ဒါပေမဲ့ဘာကြောင့်လဲမသိ သူတို့ထမင်းစားတော့မှဟင်းရည်ကအရမ်းငန်နေတယ်တဲ့။

ဂျောင်ဂုအရမ်းစိတ်ဆိုးပြီးငါ့ကိုတောင် ဟင်းရည်အပူတွေကို ဇွတ်အတင်းမြည်းခိုင်းသေးတယ်။ပူလွန်းတော့ ချက်ချင်းလျှာကျတ်ပြီး အရသာမသိလိုက်ဘူး။မျက်ရည်တောင်ကျတယ်။ဘာ်လိုမှမျက်ရည်မထိန်းနိုင်တဲ့အဆုံးတောင်းပန်ပြီးအခန်းထဲဝင်လာရတယ်။‌နောက်မှ ပန်းကန်မဆေးလို့ အပြစ်ပေးလဲခံယုံပဲပေါ့။//

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Where stories live. Discover now