Questမြေပုံကလည်း ကြီးမားကျယ်ပြန့်ကာ တစ်ယောက်နဲ့တစ်ယောက် လူကွဲပြီး အလွယ်တကူ လမ်းပျောက်သွားနိုင်ချေလည်းရှိတယ်။

ဒါ့အပြင် ကြောက်စရာ မွန်းစတားတွေကလည်း မြေပုံအနှံ့မှာ ကျက်စားနေကြလေတယ်။

ဒီလိုတရားဝင် Guild  battle ပွဲကြီးတွေကို တော်ရုံကစားသမားအများစုက မပါဝင်ကြပေ။

ဒါပေမဲ့လည်း အားသာချက်တချို့လည်း ရှိနေပြန်သေးတယ်။

တဖက်က ဆန့်ကျင်ဘက်ဂိုဏ်းရဲ့ခေါင်းဆောင် guild masterဖြစ်ဖြစ် လက်ထောက်ခေါင်းဆောင်ဖြစ်ဖြစ် သေဆုံးခဲ့မယ်ဆိုရင် အောင်နိုင်တဲ့အသင်းသားတွေကို ဂိမ်းScreenရဲ့ထိပ်တည့်တည့်မှာ လူတိုင်း လက်ခုတ်တီးအားပေးနိုင်အောင် ကြေငြာခြင်းခံရမှာဖြစ်တယ်။

Systemက အနိုင်ရသတ်ဖြတ်နိုင်သူတွေရဲ့ နံမည်စာရင်းကို လွန်စွာကြီးမားထင်ရှားတဲ့ အနီရောင် စာတန်းတွေဖြင့် ဂိမ်းscreenရဲ့ကြော်ငြာဘုတ်မှာ ပို့စ်တင်မှာဖြစ်တယ်။

[System] xxxဂိုဏ်းရဲ့ guild master user xxxကို ရန်သူဂိုဏ်းမှ သတ်ဖြတ်ခြင်းခံလိုက်ရပါပြီ။ တစ်ဖက်ဂိုဏ်းကတော့ ချက်ချင်းဆိုသလို ခေါင်းမပါတဲ့ နဂါးဖြစ်သွားပြီး လုံးလုံးရှုံးနိမ့်တော့မှာပဲဖြစ်ပါတယ်။

ဂိုဏ်းခေါင်းဆောင် guild masterက ဂိုဏ်းရဲ့မျက်နှာကို ကိုယ်စားပြုတာကြောင့် ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးမှာ ပုံမှန်လိုဆို အရှက်ကင်းမဲ့တဲ့သူဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့မျက်နှာက အလွန်အရေးကြီးတယ်။

ဒါကြောင့် ရန်သူဂိုဏ်းရဲ့ရည်ရွယ်ချက်က တစ်ဖက်ဂိုဏ်းရဲ့မျက်နှာကို ဆုံးရှုံးအောင် လုပ်ရမှာဖြစ်တယ်။

မင်းဘာသာ ဘယ်နှယောက်ပဲ သတ်နိုင်နိုင် အဆုံးသတ်မှာ ဘယ်သူပဲ ရှုံးရှုံးနိုင်နိုင် အရေးကြီးဆုံးအပိုင်းက တဖက်ဂိုဏ်းရဲ့မျက်နှာကို မင်းတို့ရဲ့ဖိနပ်နဲ့ အမြန်တက်နင်းလိုက်ဖို့ပဲ။

သူတို့ရဲ့မျက်နှာတွေကို တက်နင်းဖို့ဆိုရင်လည်း မင်းသုံးရမဲ့အကွက်က လက်သံပြောင်နေဖို့လိုတယ်နော် ညိုကီတို့။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now