မကြာခင်မှာပဲ အဖြူရောင်နှင်းဆီပန်းတွေအလှဆင်ထားတဲ့ ပန်းစည်းကို ယူကာ ဆိုင်ထဲကထွက်လာ၏။ ပြီးနောက် ကားထဲ ဝင်ထိုင်ကာ

" ဉီးဇန် လှလားဗျ။ "

" အင်း "

" ဟီးး "

ဟီးခနဲ ​ရီပြပြီး ပန်းတွေကို ကြည့်ကာ ပြုံးနေပြန်၏။ ဟန့်ရဲ့အပြုံးတွေကိုတောင် တခြားသူတွေမြင်သွားမှာပင် စိုးနေမိသည့်စိတ်က တားမရဆီးမရ။ ကျစ်! ကလေးကတော့ ခက်တော့တာပဲ။

" ဟန် "

" ဗျာ "

" ညကျရင် အများကြီး မသောက်ရဘူးနော်။ "

" သိပါတယ်ဗျ။ "

" အင်း "

" ဉီးဇန်ရော သောက်မှာမလားဟင်။ "

" အင်း "

" ဉီးဇန်လည်း အများကြီး မသောက်ရဘူး။ "

" ဟန့်သဘော "

အရှေ့မှာ ကားမောင်းနေတဲ့ ဘုန်းသန့်ကတော့ အံ့သြလွန်းလို့ ပါးစပ်ပင် မစိနိုင်ပေ။ သူတို့ရဲ့ လူအေးကြီး Boss က အခုလိုလည်း အလိုလိုက်တတ်သေးသည်တဲ့။

...........

အိမ်ကိုရောက်တော့ ပြင်ဆင်နေကြသည်ကြောင့် လူအနည်းငယ်ရှုပ်နေ၏။ ဒါ့အပြင် ' ဇန် ' Group မိသားစုဝင်ထဲက တစ်ယောက်ရဲ့မွေးနေ့ဖြစ်တာကြောင့် ကြီးကျယ်ခမ်းနားစွာ စီစဉ်ထားသည်။ ထိုစဉ် မိန်းကဘေးတစ်ယောက်မှာ ဉီးဇန်နားရောက်လာပြီး ဉီးဇန်ရဲ့လက်အား လာဆွဲ၏။

" ညီမက မျှော်နေတာ။ အခုမှပဲ ရောက်လာတော့တယ်။ "

" အင်း "

" Hi ဟန် "

ဟန့်ကို နှုတ်ဆတ်လိုက်တာကြောင့် ဟန့်က ပြန်ပြုံးပြလိုက်သည်။ ရင်းနှီးနေမှုမရှိတဲ့အခြေအနေကြောင့် အနည်းငယ် နေရခက်သလိုခံစားရသည်။

" အဲ့လိုမခေါ်နဲ့ "

" ဟမ်! "

" ဟန်လို့ မခေါ်နဲ့ "

" ဘာလို့လဲ အစ်ကို။ အစ်ကိုလည်း ဟန်လို့ပဲ ခေါ်တာမဟုတ်ဘူးလား။ "

" ကိုယ်ပဲ ခေါ်တာ။ တခြားနာမည်ခေါ် "

" ဟာ အစ်ကိုကလည်း။ "

DEARESTWhere stories live. Discover now