စသည်ဖြင့်ရက်စွဲအတိအကျဖြင့်ရေးထားသားဒိုင်ယာရီစာအုပ်လေး။ထို့နောက်အပြစ်ပေးခြင်းများအပြင် အကြောင်းအရာတစ်ခုက ဒိုင်ယာရီစာအုပ်လေးထဲမှာနေရာယူထားပြန်သည်။ထိုအကြောင်းအရာကတော့ ဟိုဘက်ခြံကညီအကိုနှစ်ယောက်အကြောင်း

အဲ့ညီအကိုနှစ်ယောက်လုံးနှင့်စိတ်မချပါဘူး။သူတို့ကတစ်ယောက်တစ်မျိုးဆွဲဆောင်မှုရှိတဲ့အပြင် ဂျီမင်ကိုလဲ တစ်ယောက်တစ်မျိုးဆီဂရုစိုက်ကြသည်။ဂျီမင်သူ့ကိုချစ်သော်လည်း ဂရုစိုက်လွန်းတဲ့သူတို့ကိုရွေးချယ်သွားပြီး ကို့ကိုထားခဲ့ရင် ကိုပဲရင်ကွဲရမှာ။ဘယ်လောက်ပဲဖြူစင်တယ်ပြောပြော ဂျောင်ဂုမည်သူနှင့်မှစိတ်မချန်ုင်ပါ။

ထို့ကြောင့်ဂျီမင်ကို သူအားလုံးထက်ပိုပြီးဂရုစိုက်မည်။သူ့အနားကနေ ဂျီမင်ကို တစ်ဖဝါးတောင်မခွာခိုင်းတော့ပဲထားရမည်။

အရင်ဆုံးရှင်းရမှာက ဂျန်ဆီ။ဂျီမင်ရဲ့ဒိုင်ယာရီစာအုပ်လေးထဲက date အတိုင်း CCTV ကြည့်ရမည်။တကယ်တော့ ဂျောင်ဂု သူ့ရဲ့တစ်အိမ်လုံးမှာ CCTV မတက်ထားတဲ့နေရာဆိုလို့ ရေချိုးခန်းသာရှိလိမ့်မည်။သို့သော်ဒီအိမ်၌ CCTV ရှိမှန်းသူကလွဲမည်သူမှမသိ။မမြင်နိုင်လောက်အောင် သေးငယ်လှသည့် camera များသာအသုံးပြုထားခြင်းကြောင့်ဖြစ်သည်။

ဂျောင်ဂု CCTV မှာကြည့်မိတော့မှ မည်သူမှားပြီး မည်သူမှန်တာသိတော့သည်။အရင်ကဘာလို့မကြည့်ဆိုဂျီမင်ကိုသက်သက်မဲ့အပြစ်ပေးချင်တဲ့စိတ်ကြောင့် သူများပြောရုံနဲ့ကို အပြစ်ပေးခြင်းဖြစ်သည်။ခုတော့ ဂျန်ဆီကို သူ့အနားကဖယ်ထုတ်နိုင်သည့်သက်သေများလဲရှိနေခဲ့ပြီ။

"ဂျန်ဆီပြန်လာပြီလား"

"ဟုတ် ကိုကို...ဒါနဲ့ ကလေးကိုဘယ်လိုခေါ်လိုက်တာလဲ ..ကိုကို...စိမ်းစိမ်းကားကားတွေနဲ့"

"ဒီမှာလာကြည့်ဦး ပြီးရင် မင်းနဲ့ငါ စာရင်းရှင်းစရာရှိတယ်"

"ဘာများလဲ ကိုကိုရဲ့ အခေါ်‌အဝေါ်တွေ စိမ်းကားလောက်အောင်ထိ စိတ်ဆိုးစရာတွေများလား ဟားးးဟားး"

ရယ်ကာဖြင့် ဂျောင်ဂုနားမှ laptop အားကြည့်လိုက်ရာ ရယ်တောင်မရယ်နိုင်တော့ပဲ မျက်လုံးများပြူးသွားရသော ဂျန်ဆီ။laptopထဲမှမြင်ကွင်းက သူဂျီမင်ကို ယုတ်မာထားမှုများ။ရှင်းပြစရာမလိုလောက်အောင် သက်သေများကခိုင်မာလှသည်။မှုန်ဝါးဝါးတောင်မဟုတ်။ကြည်လင်ပြီးရှင်းလင်းနေသည်။

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Where stories live. Discover now