နှစ်ယောက်သားအခန်းထဲ၌

"ဟိုလေ မောင် ငါမေးချင်တာလေးတစ်ခုရှိလို့"

"အင်း မေးလေ"

ဂျောင်ဂုမျက်လုံးများအားဂျီမင်စိုက်ကြည့်ရင်း မေးချင်နေသော မေးခွန်းများအားမမေးရဲတော့ပါ။

"ဟို ဘာမှမဟုတ်တော့ပါဘူး"

သိမ်ငယ်သွားသောမျက်နှာလေးနှင့်ဂျီမင်‌ပြောလိုက်မိသည်။ဒါကိုဂျောင်ဂုသတိထားမိသည်။ဂျီမင်ရဲ့ ကြောက်ရွံ့မှု၊အားငယ်မှု၊သိမ်ငယ်မှုများကို သူ့အချစ်နှင့်ဖျက်ဆီပစ်မည်။

"မေးစရာရှိတာမေးbaby အဲ့လိုတွန့်ဆုတ်နေတာမောင်မကြိုက်ဘူး"

"တကယ်မရှိတာပါ ဘာမှမဟုတ်တော့ဘူး"

မရတော့ပါ ဂျီမင်စိတ်ထဲရှိတဲ့စကားကို ပါးစပ်ကထွက်လာအောင်လုပ်ဖို့က တစ်နည်းပဲရှိတော့သည်။ဂျောင်ဂုသည် ဂျီမင်ကိုခါးမှမျက်နှာချင်းဆိုင်ဖက်ထားပြီး ကုတင်ပေါ်သို့လှဲချလိုက်သည်။ဂျီမင်က ကုတင်ပေါ်မှာ ပတ်လက်အနေအထားဖြစ်ပြီး ဂျောင်ဂုကတော့ ဂျီမင်အပေါ်မှမှောက်လျက်အနေအထားဖြစ်သည်။ထို့နောက်ဂျီမင့်မျက်နှာအနှံလိုက်နမ်းရင်းမှ။

"ပြော မောင့်ကိုပွင့်ပွင့်လင်းလင်းပြော မဟုတ်ရင် baby အော်ညည်းသံကို တစ်ခြံလုံးကြားအောင်လုပ်ရမလား ဟင်"

"မေးရင် မောင်ငါ့ကိုမရိုက်ဘူးမလား ဟင်"

ဂျီမင်ရဲ့စကားကြောင့် ဂျောင်ဂုရင်တွေနာရပါသည်။တကယ်ကိုဂျီမင်စိတ်ဒဏ်ရာဖြစ်နေခဲ့တာလား။သူဂျီမင်ကိုစိတ်ဒဏ်ရာရတဲ့အထိ နှိတ်စက်ခဲ့သည်လား။အရင်ကအမှားအမှန်မခွဲခြားပဲ ဂျီမင်မို့လို့ကိုရိုက်ခဲ့မိတဲ့ကိုယ့်အပြစ်တွေက တကယ်ကိုများပြားလွန်းလှပါသည်။

"အင်း ဘာလို့ မောင်က ရိုက်ရမှာလဲbabyရဲ့ မရိုက်ပါဘူး။ပွင့်ပွင့်လင်းလင်းမေးနော်"

"ဟို...ဟိုဟာ ခုနောက်ပိုင်း ဂျန်ဆီကိုမတွေ့မိဘူးလားလို့"

"ဪ အင်း ဟုတ်တယ် သူ့မိဘတွေဆီပြန်သွားပြီ"

"ဪ"

ဂျီမင့်မေးခွန်းများကို အနမ်းမပျက်ဖြေနေပါသောဂျောင်ဂုပါလေ။ဂျီမင်မှာဆက်မေးချင်သော်‌လည်းမမေးရဲတော့ပါ။နို့မို့ဆို အဖြေမရပဲ အရစ်ခံရနိုင်သည်လေ စိတ်တွေအခြားရောက်နေလို့ဆိုပြီးတော့ပေါ့။

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Where stories live. Discover now