ထမင်းစားပြီးနောက်

" ဟန် ဒီနေ့ လုပ်စရာရှိလား "

" မရှိဘူးဗျ။ ကျွန်တော် ဒီနေ့နဲ့မနက်ဖြန် အနားယူမလို့ ဟီးးးး "

ဒီနေ့နဲ့မနက်ဖြန်က ကျောင်းပိတ်ရက်လည်းဖြစ်နေတာကြောင့် အလုပ်လည်း ခဏနားဖို့ ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ဟန် ပြောလိုက်တော့ ဉီးဇန်က ခေါင်းတညိတ်ညိတ်လုပ်သည်။

" YAMAI မှာ ပွဲတစ်ခုရှိတာ သိလား ဟန် "

" တစ်နေ့က ကျွန်တော် မြင်လိုက်တဲ့ပွဲထင်တယ်ဗျ "

" အင်း ကား အရောင်းပြပွဲ "

" ဉီးဇန် သွားရမှာလား "

" အင်း ဒီနေ့  "

" ဟီးးး မိုက်တာပေါ့။ "

" Design ကြည့်ချင်လား "

" ကျွန်တော် ကြည့်လို့ရတာလားဗျ "

" အင်း "

ဉီးဇန်ကပြောလည်းပြော File လေးတစ်ခုအား ဟန့်ကို ကမ်းပေးလာ၏။ ထို File ထဲတွင် ​ပါဝင်သော ကားပုံစံများမှာ လူငယ်တွေအကြိုက် Design များသာဖြစ်သည်။

'YAMAI' မှာ လုပ်သည့် ကားပြပွဲမှာ ထုံးစံဖြစ်သည်။ ၆ လတစ်ခါကျင်းပသော ထိုကားပြပွဲ၌ တခြားသော Company များမှ ရောင်းချသော ကားများမပါဝင်ပဲ " ဇန် " Group တစ်ခုတည်းက ထွက်သော ကားကို မြင်ကြရတာဖြစ်သည်။

Design တွေကအစ မည်သူနှင့်မျှ မတူတာကြောင့် အများစိတ်ဝင်စားကြသည့် ပွဲတစ်ခုဖြစ်သည်။ ဒါ့အပြင် Limited အနေနဲ့ ထုတ်သော ကားတစ်စီးပါဝင်လေ့ရှိသည်။

ထိုကားမှာ ၆လမှာ တစ်ခါသာ တွေ့ရတာဖြစ်ပြီး Design အသစ်နှင့် တစ်စီးသာ ထုတ်ဝေသောကားဖြစ်သည်။ ထိုကား၏ စျေးနှုန်းမှာလည်း အမြင့်ဆုံးဖြစ်ပြီး ကံကောင်းသူမှသာ ဝယ်ယူခွင့်ရသည်။

ဒီတစ်ခေါက် ပြပွဲတွင်လည်း Limited အနေနဲ့ ရောင်းချမည့် ကားတစ်စီးပါဝင်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။ သို့သော် ထူးခြားချက်တစ်ခုက ကောလဟာလအနေနဲ့ ပြန့်လွှင့်နေ၏။

Limited အနေနဲ့ တစ်စီးသာ ထုတ်ဝေသော ' ဇန် ' Group က ဒီတစ်ခေါက်မှာ နှစ်စီး ထုတ်ထားကြောင်း သတင်းတစ်စွန်းတစ်စကြားနေရ၏။ သို့သော် တစ်စီးသာ ရောင်းချမည်ဟု ပြောထားတာကြောင့် နောက်တစ်စီးမှာ ဘယ်အတွက်လဲဆိုတာ လူအများက စိတ်ဝင်စားနေကြပြီး ' YAMAI ' မြို့ရဲ့ သတင်းခေါင်းစဉ်ကြီးတစ်ခုလည်းဖြစ်နေ၏။

DEARESTOù les histoires vivent. Découvrez maintenant