Chapter 15 : He Came (B)

527 109 5
                                    

[ Zawgyi ]

.

This is for clickers and streamers.. Thank You

_______________________

ဖန့်ချူ၏နှလုံးသားလေး နာကျင်သွားရသည်။ ဖြစ်ရပ်မှန်တွေက သူ့ရှေ့မှာရှိနေပေမယ့် ကောင်လေးက လက်ခံဖို ငြင်းနေဆဲပင်။

သူ သူ့ကိုနှစ်သိမ့်ပေးချင်ပေမယ့် ဝမ်ဖုန့်က အရမ်းနီးကပ်နေပြီဖြစ်ပြီး သူတိုအခန်းထဲကို ဝင်လာဖိုလုပ်နေပြီဖြစ်သည်။ ထိုကြောင့် ဖန့်ချူက ဝမ်ထောင်၏ပါးစပ်ကိုအလျင်စလိုပိတ်လိုက်ပြီး သူ့နားထဲကို တိုးတိုးလေးပြောလိုက်သည်။

"ခဏလေး၊ အသံမထွက်နဲ့..."

လက်ရှိမှာ ဝမ်ဖုန့်က လုံးကို ရူးသွပ်သွားခဲ့တာဖြစ်သည်။ သူ ဘယ်သူ့ကိုမဆို သတ်လိုက်နိုင်သည်။

ဝမ်ဖုန့်၏အသံက စင်္ကြံတစ်လျှောက်တွင် တဟုန်ထိုး ထွက်လာသည်။

"ထွက်လာခဲ့၊ မင်းငါ့ကို အထင်လွဲနေတာ၊ ငါသူမကို မသတ်ခဲ့ဘူး"

ဒါပေါ့ ၊ ဖန့်ချူက မတုံပြန်ခဲ့ပါဘူး။

ဝမ်ဖုန်၏ လေသံကပြောင်းသွားပြီး အေးစက်စွာ ရယ်မောလာသည်။

"ပုန်းမနေနဲ့၊ ငါတိုထဲက တစ်ယောက်မှ အပြင်ကို ထွက်မသွားနိုင်ဘူး၊ ဒါကြောင့် မင်းကိုငါ အနှေးနဲ့အမြန် ရှာတွေ့မှာပဲ"

ဖန့်ချူက တံမျက်စည်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဝမ်ထောင်ကိုလွှတ်လိုက်ကာ တံခါးလက်ကိုင်ကို ကိုင်လိုက်သည်။ဖန့်ချူက သူတတ်နိုင်သမျှ အာရုံစူးစိုက်ပြီး ဝမ်ဖုန့်နီးကပ်လာသည်ကို စောင့်ဆိုင်းနေခဲ့သည်။ ထိုကြောင့် သူကအရင်ဆုံး လှုပ်ရှားနိုင်လိမ့်မည်။

ဒါပေမယ့် ဝမ်ဖုန့်က လုံလောက်အောင်ကပ်မလာနိုင်ခင်မှာပင် သူ့နောက်မှ ရုတ်တရက် ပြုတ်ကျသံတစ်ခု ထွက်ပေါ်လာသည်။

ဝမ်ထောင်က တစ်ခုခုကို မတော်တဆ ထိမိသွားပုံရသည်။

ဖန့်ချူ အေးခဲသွားပြီး တွေးလိုက်မိသည်။

သေစမ်း!

တိတ်ဆိတ်နေချိန်တွင် အသံသည် နာကျင်စွာကျယ်ကျယ်လောင်လောင်ထွက်လာကာ ဝမ်ဖုန့်၏ ခြေသံများက သူတိုအနီးသို လျင်မြန်စွာ ရောက်ရှိလာသည် ။ထိုအချိန်တွင် ဝမ်ဖုန့်မှာ မည်သည့်အရာကိုမျှစဉ်းစားရန် အချိန်မရှိချေ။ သူက တံခါးကိုဆတ်ခနဲတွန်းဖွင့်လိုက်ပြီး ဝမ်ဖုန့်ကို ကြမ်းတိုက်တံဖြသ့် ရိုက်လိုက်သည်။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းDonde viven las historias. Descúbrelo ahora