Chapter 13 : Summoning Spell (A)

623 143 6
                                    


Summoning Spell - ဆင့်ခေါ်မန္တန်များ

(TN - ဝမ်ဖုန့်က gentle typeဆိုတော့ အစက ပိုင်ရှောင်ရှန်းနဲ့ စကားပြောရင် ငါလို့သုံးပေးထားတာကို အခု ကိုယ်လို့ပြောင်းသုံးထားပါတယ်)

ဝမ်ဖုန့်ရဲ့အမူအရာက တဖြည်းဖြည်း တည်တံ့သွားကာ ပိုင်ရှောင်ရှန်းကို မျက်လုံးသေများနဲ့ကြည့်လိုက်တယ်..။ သူက ဖြည်းညှင်းစွာနဲ့

"အဲဒါ မင်း.. ဘာကို ဆိုလိုတာလဲ"

ဘာအဓိပ္ပာယ်လဲ..

ပိုင်ရှောင်ရှန်းရဲ့ လက်တွေ အနည်းငယ်တုန်ယင်လို့နေတယ်..။

ဘာလို့လဲဆိုတော့ သူမက လွန်ခဲ့တဲ့ တစ်ပတ်ဆီကို ပြန်လည်တွေးမိနေလို့ပဲ.. သူမနဲ့ ဝမ်ဖုန့်တို့ ဖက်ထားနေကြတုန်း အိမ်ပြန်လာတဲ့ ချွေးယွီရှီရဲ့ လက်နီကြီးနဲ့ မိသွားခဲ့တယ်..။

(TN - လက်နီကြီးနဲ့ဖမ်းမိ = ပြစ်မှုကျူးလွန်တာကို ဖမ်းမိ)

ရှက်ရွံ့မှုတို့က ပိုင်ရှောင်ရှန်းကို ချွေးယွီရှီးရဲ့ စွပ်စွဲချက်တွေနဲ့ စိတ်ပျက်နေတဲ့ အမူအရာတွေကို ရင်မဆိုင်ရဲအောင် ဖြစ်ခဲ့ရပြီး သူမ ပြေးထွက်လာခဲ့မိတယ်..။

ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ဖို့အတွက် သူမတတ်နိုင်သလောက် ကြိုးစားခဲ့တယ်..။

သူမရဲ့အပြုအမူက မှားယွင်းနေပြီး စောင့်စည်းမှုမရှိ အကျင့်ပျက်နေမှန်း သိပေမယ့် သူမကိုယ်သူမ မထိန်းချုပ်နိုင်ခဲ့ဘူး..။ ဝမ်ဖုန့်ဆီက နူးညံ့တဲ့ ဂရုစိုက်မှုတွေ ရင့်ကျက်မှုတွေနဲ့ ဆွဲဆောင်မှုတွေကို သူမတောင့်မခံနိုင်ခဲ့ဘူး..။ သူမက သူ့ကို အဖေတစ်ယောက်ရဲ့ ပုံရိပ်အနေနဲ့ အရမ်းလေးစားချစ်ခင်ရပေမယ့် တစ်ချိန်တည်းမှာပဲ သူက မတူညီတဲ့ စိတ်ခံစားမှုတွေကို ပေးစွမ်းနေပြန်တယ်..။

သူမ သူ့ကို ကြွေဆင်းသွားခဲ့ရတယ်..။

ဒါကြောင့် ဒီနေ့မှာ ဝမ်ဖုန့်ဖိတ်ကြားတုန်းက သူမ လိုက်လာခဲ့တာဖြစ်တယ်..။

ဒီ့မတိုင်ခင်မှာ သူမက ချွေးယွီရှီကို ဘယ်လိုရင်ဆိုင်ရမလဲ မသိတာကြောင့် တွန့်ဆုတ်ပြီး ဝေခွဲမရဖြစ်လို့နေခဲ့တယ်..။ သူမက ပိတ်သိမ်းလိုက်ခြင်းအားဖြင့် သူမရဲ့လှေငယ်တွေကို မီးရှို့ပစ်လိုက်ဖို့တောင် စဉ်းစားထားခဲ့တာဖြစ်တယ်..။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now