Chapter 12 : Why Should It? (B)

608 140 4
                                    

Zawgyi
.
.
.
ဖန့်ချူ ထရပ်ကာ ကျန်းဖေးယွီရဲ့မျက်လုံးတွေကို ရှောင်ရှားရင်း လှည့်ပတ်ကြည့်နေလိုက်တယ်..။ လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး

"မလာခင်တုန်းကတော့ ဘာလို့ကျွန်တော့်ကို မခေါ်လိုက်လဲ"

ကျန်းဖေးယွီတွေးမိတယ်..
ဘယ်လိုတောင် တိုက်ဆိုင်မှုကြီးလဲ.. ငါအဲလိုမလုပ်လိုက်မိတာကိုတောင် နောင်တရနေပြီ..

ဖန့်ချူ ထောင့်မှာကျနေတဲ့ သူ့ဖုန်းကိုကောက်လိုက်ကာ နှစ်ယောက်သား မီးဖိုချောင်ဘက်ကို အတူထွက်လာကြတယ်..။ သူတို့တွေ တိတ်တဆိတ်ပဲ ဖယောင်းတိုင်တွေရှာနေကြတယ်..။

ကျန်းဖေးယွီက ခန်းမဘက်ကိုလှည့်ကြည့်လိုက်ပြီး ဝမ်ဖုန့် သူ့သားနဲ့ ပိုင်ရှောင်ရှန်းကို စောင့်ရှောက်ပေးနေတာ တွေ့လိုက်ရတယ်..။ သူက သူမကို အသံတိုးတိုးနဲ့ နှစ်သိမ့်ပေးနေပုံရပြီး ပိုင်ရှောင်ရှန်းရဲ့အမူအရာဟာလည်း အနည်းငယ်အဆင်ပြေသွားပုံရသည်..။ ပိုင်ရှောင်ရှန်းက သူ့ဆီမှာ မခံစားရဖူးတဲ့ ယုံကြည်အားကိုးမှုမျိုး ဝမ်ဖုန့်ပေါ်မှာခံစားနေရမယ်ဆိုတာ ကျန်းဖေးယွီပြောနိုင်ပါတယ်..။

ကျန်းဖေးယွီ အားကျစွာနဲ့
"ငါက အကိုဖုန့်လောက်တောင် ယုံကြည်အားကိုးချင်စရာ ကောင်းမနေဘူးလား.."

ဖန့်ချူက သူ့ကိုကြည့်တောင်မကြည့်ပဲ သာမန်ကာလျှံကာပြောလိုက်တယ်..
"မကောင်းဘူး..duh."

ကျန်းဖေးယွီ နာကျင်စွာတိတ်ဆိတ်သွားတော့တယ်..။

သူက စိတ်ပျက်အားလျော့စွာ ခေါင်းငိုက်စိုက်ချလျက် ဘာစကားမှမပြောတော့ပေ..။ သူတို့နှစ်ယောက် ဖယောင်းတိုင်တွေရှာတွေ့ခဲ့ပြီး အမြန်ပြန်သွားခဲ့ကြတယ်..။ ဖယောင်းတိုင်မီးရောင်က အနည်းငယ်ယိမ်းယိုင်နေပြီး အရိပ်တွေက နံရံပေါ်က ကခုန်နေသကဲ့သို့ပင်..။ ဒါက လေထုကို ကျောချမ်းစရာကောင်းလာစေပေမယ့် အနည်းဆုံးတော့ ပိန်းပိတ်အောင်မှောင်မည်းမနေတော့ဘူးလေ..။

ဝမ်ဖုန့်က ဝမ်ထောင်းနဲ့ ပိုင်ရှောင်ရှန်းတို့ကို နှစ်သိမ့်ပြီးသွားတော့ တောင်းပန်လာတယ်..။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now