Chapter 5 : Ghost? (B)

995 225 13
                                    

Zawgyi
.
.
.
"မင်းကို အဲ့ဒီမှာနေခဲဖို့ ကိုယ်မပြောခဲ့ဖူးလား"

ဖန့်ချူက စိတ်ထဲကနေပြောလိုက်တယ်။

မင်း အခု အဲ့ဒီအကြောင်းကို တွေးနေနိုင်သေးတာလားလို့.. အဲ့ဒီတုန်းက ဒီတိုင်းပဲပြောလိုက်တာမဟုတ်ဘူးလား။ ပြီးတော့ ငါကလည်း မင်းပြောတာနားထောင်ပါမယ်လို့ မပြောခဲ့မိဘူးလေ။ အခုချိန်မှာ အရေးကြီးတာက ဒီသင်္ဘောပေါ်မှာ သရဲနဲ့တူတဲ့တစ်ကောင်ရှိနေပြီး အဲတာကို မင်းမသိသေးဘူးဆိုတာပဲ။

"ခများကို အရေးကြီးတဲ့အကြောင်းတစ်ခု ကျွန်တော်ပြောဖို့လာခဲ့တာ"

ဖန့်ချူက ယွိစစ်ကျယ်ရဲ့အမေးကို ပြန်မဖြေပဲ တစ်ချက်ရှူရှိုက်ပြီး ပြောလိုက်တယ်။

"အခုလေးတင် ကျောင့်ကျီရွေ့စကားပြောနေတာကို ကျွန်တော်ခိုးနားထောင်လာခဲ့တာ.. သူက စီစီသေသွားတာနဲ့ ပတ်သတ်ပြီး တအားကို ရှော့ရနေခဲ့တာ.. ပြီးတော့ စီစီက တကယ်တော့ အရင်ကတည်းက သေသွားနှင့်ပြီးပြီတဲ့.. ပြီးတော့ သူက ခများကို တစ်ခုခုဖုံးကွယ်ဖို့လုပ်နေပုံရတယ်.. ခများ ဂရုစိုက်ဖို့လိုတယ်.. အခုဖြစ်ရပ်ကလည်း ခများကိုမျှားခေါ်ဖို့ ထောင်ချောင်တစ်ခုနဲ့တောင် ဆင်တူနေသေးတယ်"

ယွိစစ်ကျယ်က တိတ်ဆိတ်နေတယ်။

ဒီလိုပြောပြီးသွားတော့ ဖန့်ချူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဆက်ပြောတယ်။

"ကျောင့်ကျီရွေ့နဲ့ပတ်သတ်ပြီး မသင်္ကာစရာတစ်ခုခုက သေချာပေါက်ကို ရှိနေတယ်.. ဒါမယ့် သရဲရှိရှိ မရှိရှိ အရေးမကြီးပါဘူး.. ခများ ဂရုတော့စိုက်ဖို့လိုမယ်နော် ပြီးတော့ အလှည့်စားမခံရစေပါနဲ.."

ယွိစစ်ကျယ်က ဖန့်ချူကို မလှုပ်မယှက် ကြည့်နေခဲ့တယ်။ ခဏနေတော့ သူက တစ်ခုခုကို အရမ်းသည်းခံမျိုသိပ်ထားရကာ ရှုပ်ထွေးပြီး မသိသာလှတဲ့ စိတ်လှုပ်ရှားမှုအရိပ်ယောင်လေးတစ်ခု သူ့မျက်ဝန်းနက်နက်တွေမှာ ပေါ်ပေါက်လာတယ်။

"မင်း.. ဒါလေးပြောပြဖို့ လာခဲ့တာလား"

ဖန့်ချူက ခေါင်းငြိမ့်ပြကာ တွေးလိုက်တယ်..
မဟုတ်ရင် တစ်ယောက်ယောက် ငါ့ကိုသေအောင်ရိုက်သတ်နိုင်တာတောင်မှ ငါဘာလို့လာခဲ့မလဲ..
(TN - ဒါကိုလာပြောဖို့ ထွက်လာတာမဟုတ်ရင် အသတ်ခံရနိုင်တဲ့ကြားက ဘာလို့ထွက်လာခဲ့မလဲ)

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now