Part 9 : Returning Home

833 178 10
                                    

Zawgyi
.
.
.
ယွိစစ်ကျယ်က ဖန့်ချူကို တိတ်ဆိတ်စွာနဲ့ စူးစိုက်ကြည့်နေကာ သူ့ရဲ့ မည်းနက်နေတဲ့မျက်စံတို့က ခံစားချက်ကင်းမဲ့လျက်ရှိတယ်..။

ဖန့်ချူခမျာ ဒီလိုကြီးစိုက်ကြည့်ခံနေရတော့ အနည်းငယ် မသက်မသာခံစားရကာ ယွိစစ်ကျယ်ကို ပြောလိုက်မိတဲ့ ဆင်ခြေက အဓိပ္ပာယ်မရှိ အကျိုးကြောင်းများမဆီလျော်ဖြစ်သွားသလားလို့ သူ့ကိုယ်သူလည်း အကြိမ်ကြိမ်မေးနေမိတယ်..။ အဲ့ဒီအချိန်တုန်းက သူဟာ ဖုန်းထဲက ရည်းစားဟောင်းတွေကို ပျင်းရိစွာ ရှင်းထုတ်နေခဲ့ပြီး ယွိစစ်ကျယ်ရဲ့contactကိုလည်း ဖျက်ပစ်လိုက်မိတယ်..။

ညကောင်းကင်ယံရဲ့ အမှောင်ထုက ဖန့်ချူရဲ့နီရဲနေတဲ့မျက်နှာကို မမြင်ရစေတာကြောင့် ချက်ချင်းပဲ အမှောင်ထုကိုကျေးဇူးလိုက်မိတယ်..။ ဘုရားသခင်ရဲ့ကျေးဇူးပဲ..!

ယွိစစ်ကျယ်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေ လှောင်ပြောင်တဲ့အရိပ်အယောင်အဖြစ် အပေါ်ကိုကွေးညွတ်သွားတာကို တွေ့လိုက်ရတယ်..။

ဖန့်ချူတွေးလိုက်တယ်.. ငါတော့လွဲပြီ..

ဖန့်ချူတစ်ယောက် ခေါင်းငိုက်စိုက်ကျကာ အလွန်စိတ်ပျက်သွားတယ်..။ သူ့ရဲ့အလိမ်အညာကြီးက သိပ်ကိုးရိုးကားယားနိုင်နေတာလား..။ အာဏာပါဝါရှိတဲ့လူတွေနဲ့ ကောင်းမွန်စွာဆက်ဆံနိုင်ဖို့ ရည်ရွယ်ထားတာ သိပ်များသိသာသွားသလား..။

(TN - မစ္စတာလော့လိုလူကတောင် အလေးထားဆက်ဆံရတဲ့ ယွိစစ်ကျယ်နဲ့ သူသာ ခေါ်ပြောဆက်ဆံနိုင်မယ်ဆိုရင် ယွိစစ်ကျယ်ကိုမှီပြီး သူတို့အသိုင်းအဝိုင်းကလူတွေနဲ့ သိကျွမ်းလာချင်တာ.. ဒါမှ သူ့သရုပ်ဆောင်အလုပ်အတွက် အာမခံချက်ရလာမယ်ပေါ့.. ဒီလိုရည်ရွယ်ထားတာကို ပြောတာပါ)

အာ, ဒီလိုဖြစ်လာမယ်မှန်း သိထားရက်နဲ့ ဘာလို့များ လုပ်လိုက်သေးလဲ(wechatမှာ addဖို့ပြောလိုက်သေးလဲ).. ဒါက လုပ်ချင်ရာလုပ်ပြီးမှ ရလာတဲ့အကျိုးဆက်ပဲလေ! ဒါမှမဟုတ်လည်း သူက(ယွိစစ်ကျယ်) သူ့ရဲ့friend listထဲမှာရှိတဲ့လူတွေထဲက အာဏာပါဝါအကြီးဆုံးလူတစ်ယောက် ဖြစ်လာမှာ.. ပြီးတော့လည်း friend listထဲမှာ သူရှိနေရုံနဲ့ အခြားမကောင်းတာတွေ ဖြစ်လာမှာကို တားဆီးလို့ရတာပေါ့..။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now