Chapter 12 : Why Should It? (A)

596 151 2
                                    

Zawgyi
.
.
.
ထိုမေးခွန်းက လူတိုင်းကို အေးခဲသွားစေခဲ့သည်..။

အကြောင်းအရာတွေက ဒီအချက်ကိုပဲ ညွှန်ပြနေပြီး လူတိုင်းကလည်း ထိုဟာဖြစ်နေနိုင်တာကို တွေးမိနေတာတောင်မှ ငယ်ငယ်ထဲက ရုပ်ဝါဒကိုတွေပဲ သင်လာခဲ့ရတဲ့ လူကြီးတွေအနေနဲ့ လူတိုင်းက အလိုလျောက်ပင် အဖြစ်မှန်ကို မယုံကြည်ချင်ကြဘူး.. ဖန့်ချူကလွဲလို့ပေါ့.. ။

(TN - ဒီအချက်/ထိုဟာ = သရဲဆိုတဲ့ ဖြစ်နိုင်ချေ.. )

ယွိစစ်ကျယ်နဲ့ ပြန်ဆုံပြီးကတည်းက ကမ္ဘာကြီးအပေါ် သူ့အမြင်တွေဟာ လုံးဝကို ပြိုပျက်ပြီးသားဖြစ်နေပါပြီ..။

(TN - ယွိစစ်ကျယ်နဲ့ ပြန်ဆုံတာ သရဲမတွေကြားမှာလေ.. တစ်ခါသရဲခြောက်ခံရဖူးသူက လေတိုက်လို့ သစ်ရွက်လှုပ်ရင်တောင် သရဲလို့ထင်နေသလိုမျိုး.. ဖန့်ချူခမျာ အရာရာကြောက်လန့်နေရတာကိုပြောတာပါ..)

ဒါပေမယ့် ကောင်လေးရဲ့မေးခွန်းဟာ သူတို့တွေကို လူသတ်သမားက သူခိုးမဖြစ်နိုင်ပဲ အဲ့ဒီအစား သရဲတစ္ဆေတစ်ကောင်သာဖြစ်နေတယ်ဆိုတဲ့အကြောင်း နားလည်သဘောပေါက်ဖို့ရန် တွန်းအားပေးနေသလိုဖြစ်နေတာမို့ အခြားသူတွေအတွက်တော့ ဒီထက်ပိုပြီး အဓိပ္ပာယ်ပိုပြီးသက်ရောက်စေတယ်..။

(TN - သူ့အမေကို သရဲသတ်သွားတာလားဆိုတဲ့ ကလေးမေးလိုက်တဲ့မေးခွန်းက ဖန့်ချူအတွက်တော့ သင်္ဘောပေါ်က ကိစ္စတွေကြုံတွေ့ပြီးသားမို့ အဖြေကို လက်ခံနိုင်တယ်..။ ဒါပေမယ့် အခြားသူတွေအတွက်ကျ သရဲဆိုတာ သိသာနေတာတောင် လက်ခံဖို့ခဲယဉ်းနေတယ်.. ကြောက်လည်းကြောက် ယုံလည်းမယုံချင်ဖြစ်နေတယ်ပေါ့..။)

တိတ်ဆိတ်သော်လည်း ရက်စက်ကြမ်းကြုတ်တဲ့ သရဲတစ်ကောင်ဟာ အရိပ်တွေကြားကနေ သူတို့နဲ့ ကစားဖို့အတွက် ဒီအိမ်မှာ ပုန်းခိုရင်း ချောင်းလို့နေတယ်..။

ကျန်းဖေးယွီက သွားကို တကျစ်ကျစ်ကြိတ်ကာ
"မှန်တယ်.. အခုလေးတင်ပဲ .. အဲ့ဒါက သရဲတစ်ကောင်ပဲနေမယ်.. အဲ့ဒါက ဒဏ္ဍာရီထဲကလို တစ္ဆေသရဲတစ်ကောင်ဖြစ်လိမ့်မယ်.."

ဖန့်ချူသူ့ဖုန်းကို ထုတ်လိုက်တော့ လိုင်းတွေပြတ်တောက်နေပြီဆိုတာကို တွေ့လိုက်ရတယ်..။ ဒါက ပြီးခဲ့တဲ့တစ်ခေါက်ကနဲ့ တစ်ပုံစံတည်းသာ..။ ယွိစစ်ကျယ် သူ့ကိုပို့ခဲ့တဲ့ နောက်ဆုံးမက်ဆေ့ခ်ျလေးက [Okay]တဲ့..။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now