Chapter 15 : He Came (A)

487 104 3
                                    

[ Zawgyi ]

.

This part is translated by   

This is for clickers and streamers💗

_______________________

ဖန့်ချူက နောက်ကို ပြန်လှည့်မကြည့်ချေ။ ချွေ့ယွီရှီးကသူ့ကို ကူညီနေတယ်ဆိုတာကို သိခဲ့ပြီးနောက် အခုချိန်၌ အဲဒါကို လုံးဝသံသယမဝင်တော့ပေ။

တစ္ဆေမှာ သေဆုံးသွားသည့်ချွေ့ယွီရှီး ဖြစ်သည်။ သူမသည် ဝမ်ဖုန့်ကိုသာ နာကြည်းခဲ့တာဖြစ်ပြီး သူမ၏ပစ်မှတ်မှာလည်း ဝမ်ဖုန့်တစ်ဦးတည်းသာဖြစ်သည်။ ထိုကြောင့်သူမက သူတို့ကို အမှန်တကယ် မထိခိုက်စေဘဲ တစ်ချိန်လုံး ခြောက်လှန့်ရုံမျှသာလုပ်ခဲ့ခြင်းဖြစ်သည်။ အဲဒါကြောင့် သူတို့ တစ်ချိန်လုံး လုံခြုံနေခဲ့တာဖြစ်ပြီး အခုလည်း သူ့ကို ကူညီနေတာဖြစ်သည်။

ဝမ်ဖုန့် ပိတ်ဆို့ခံနေရတာကို အခွင့်ကောင်းယူလိုက်ကာ ဖန့်ချူက ဝမ်ထောင်းကို အမြန်ခေါ်ပြီး တတိယထပ်ကို ထွက်ပြေးသွားသည်။

တတိယထပ်တွင် ဧည့်ခန်းဖြင့်ပြည့်နေပြီး စင်္ကြံ၏အဆုံးတွင် ပြတင်းပေါက်တစ်ခုရှိသည်။ သိုသော်လည်း ဖန့်ချူသည် ထိုနေရာမှ ထွက်သွားရန် နည်းလမ်းမရှိသည်ကိုသိထားပြီးဖြစ်ရကား ဝမ်ဖုန့် သူ့ကိုဖမ်းမိတော့မယ်ဆိုတာကို သူသိလိုက်ရသည်။ သူက တံခါးကို အသည်းအသန် ဆွဲဖွင့်လိုက်ပြီး ခိုအိမ်ထဲကို တုန့်ဆိုင်းခြင်းမရှိ တိုးဝင်လိုက်ကာ တံခါးကို တင်းတင်းကြပ်ကြပ်ပိတ်လိုက်သည်။

တံခါးအောက်ခြေရှိ အလင်းရောင်ကို စစ်ဆေးတွေ့ရှိပြီး သူရှိနေသည့်နေရာကို ထုတ်ဖော်လိုက်မိမည်ကို စိုးရိမ်နေသဖြင့် ဖန့်ချူမှာ မီးမဖွင့်ရဲခဲ့ချေ။ သူက ကောင်လေးကိုတင်းတင်းကြပ် ကြပ် ဖက်ထားရင်း နံရံကို မှီလိုက်သည်။

အမှောင်ထဲတွင် သူတို၏ အသက်ရှုသံများကသာ တိုးတိတ်စွာ ထွက်ပေါ်လာသည်။

ကောင်လေးက တစ်ချိန်လုံး နာခံမှုရှိရှိနှင့် တိတ်ဆိတ်နေခဲ့သော်လည်း ဖန့်ချူမှာ သူ၏တုန်လှုပ်နေသော ခန္ဓာကိုယ်လေးကို ခံစားနိုင်ဆဲဖြစ်သည်။ ကောင်လေးက သူ့အမေသေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ရပြီး သူ့အဖေက သူ့အမေကို သတ်ခဲ့သည်ဟူသော အမှန်တရားကို သိခဲ့ရတဲ့အကြောင်းကို သူ သတိရသွားသည်။ ဖန့်ချူ သူ့အတွက် စိတ်မကောင်းဖြစ်သွားရသည်။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now