Chapter 10 : Date (C)

697 163 4
                                    

Zawgyi
.
.
.
ဝမ်ဖုန့်က နှစ်များစွာကြာအောင် မရေမရာနဲ့ မကျော်ကြားပဲရှိနေခဲ့သော်လည်း သူက အရံဇာတ်ကောင်နေရာတွေမှာ သရုပ်ဆောင်နေနိုင်တုန်းပါပဲ..။ dramaတွေထဲမှာ မကြာခဏပေါ်လာတတ်ပြီး ဘယ်သူမှသူ့နာမည်ကိုမှတ်မိခြင်းမခံရတဲ့ လူတွေထဲကတစ်ယောက်အဖြစ် ဝမ်ဖုန့်ကို သတ်မှတ်လို့ရတယ်..။ သူက နူးညံ့သိမ်မွေ့ပြီး ရောထွေးတတ်တဲ့လူမျိုးဖြစ်ကာ ပုံမှန်အားဖြင့် ဖန့်ချူနဲ့ ကျန်းဖေးယွီတို့လို သရုပ်ဆောင်ငယ်လေးတွေကို စောင့်ရှောက်ပေးတတ်တယ်..။ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ဆို သူက အရမ်းကို စိတ်ထားရက်ရောပြီး လူသိများလှတယ်..။

ဖန့်ချူပြောလိုက်တယ်..
"ခများ ဆက်စားပါ.. ကျွန်တော်သူ့ကို ခေါ်ကြည့်လိုက်မယ်"

ဝမ့်ဖုန့်ရဲ့နံပါတ်ကို သူခေါ်ကြည့်လိုက်ပေမယ့် ဘယ်သူမှလာမကိုင်ပါ..။ ဇာတ်လိုက်သရုပ်ဆောင်မင်းသား ရောက်နေတာကို သူမြင်နေရပြီ.. ဆိုလိုတာက မကြာခင် သူတို့တွေ ရိုက်ကူးရေးစတော့မယ်ဆိုတာပဲ..။ နောက်ဆုံးတော့ ဝမ်ဖုန့်တစ်ယောက် အပြေးအလွှားရောက်လာခဲ့ကာ သူ့ရဲ့costumeဝတ်စုံ အမြန်သွားလဲရတော့တယ်..။
(TN – costumeဆိုတာ ဇာတ်ကောင်ရဲ့အဝတ်အစားကို ပြောတာပါ..)

ဖန့်ချူဖုန်းကို ပြန်သိမ်းလိုက်ကာ ကျန်းဖေးယွီကို ပြုံးပြလိုက်တယ်..။
"တစ်ခုခုပေါ်လာလို့ သူကြာနေတာဖြစ်မယ်.. ဒါပေမယ့် သူအခုရောက်ပြီလေ.. လာပါ အသင့်ပြင်ထားကြစို့"

ကျန်းဖေယွီက သူ့မန်ထိုပေါက်ဆီရဲ့ နောက်ဆုံးအလုတ်လေးကို အလျင်စလိုမျိုချလိုက်တဲ့အတွက် သီးတော့မလိုဖြစ်သွားတယ်..။ သူက သူ့အဝတ်အစားတွေကို ခါကာ လှံစွပ်ကိုကောက်ယူပြီး ရိုက်ကွင်းဆီ လျှောက်လာခဲ့တဘ်..။

ဖန့်ချူကတော့ ဝမ်ဖုန့်ရှိရာကို လျှောက်လာတယ်..။ ဝမ်ဖုန့်က သူ့ရဲ့costumeဝတ်စုံကို လဲပြီးနေပြီဖြစ်ကာ သူ့ပုံစံက ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံပြီး ရဲစွမ်းသတ္တိရှိပုံပေါ်နေတော့တယ်..။ သူ့အသားအရေက ညိုနေတဲ့အတွက် ယောက်ျားဆန်ဆန်တောင့်ဖြောင့်နေစေကာ ရင့်ကျက်ပြီး အဆင့်အတန်းရှိပုံပေါက်နေပါတယ်..။ ဒီdramaအတွက် သူက ဇာတ်လိုက်ရဲ့လက်ထောက်အဖြစ် သရုပ်ဆောင်ရတာမို့ ခဏနေသူတို့စတင်ကြတော့ ဖန့်ချူက သူ့နောက်ကိုလိုက်သွားရမှာ..။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းDonde viven las historias. Descúbrelo ahora