Chapter 7 : He Died (A)

924 218 7
                                    

Zawgyi
.
.
.
ကောင်မလေးရဲ့မျက်လုံးထဲက အလင်းရောင်မှာ တဖြည်းဖြည်းမှေးမှိန်လာခဲ့ပြီး သူမမှာ နောက်တစ်ဖန် မတ်တပ်ရပ်နိုင်ဖို့ ခွန်အားလည်း မရှိတော့ပေ။ ဒီလောကထဲကို ပြန်လာခဲ့ရင်တောင် သူမအတွက် နေရာရှိမနေတော့ဘူးလေ။ သူမရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ လက်စားချေခြင်းပဲ။ ဒါပေမယ့်လည်း သူမဆက်မလုပ်နိုင်တော့ပါဘူး။ အဲလိုပဲ သူမကိုလည်း ဘယ်သူမှအပြစ်မပေးနိုင်တော့ဘူးလေ။

သူမကို ကူညီနိုင်သူတစ်ယောက်မှ မရှိသလို ကူညီချင်တဲ့သူလည်း ရှိမနေပေ။

ဖန့်ချူ ဆောင့်ကြောင့်ထိုင်ပြီး သူမကိုကြည့်လိုက်တယ်။ သူခဏလောက် တုန့်ဆိုင်းသွားပြီး လက်တစ်ဖက်ကို ဖြည်းညှင်းစွာထုတ်လိုက်ပြီး သူမနဖူးကို ဖုံးလွှမ်းထားတဲ့ ရှုပ်ပွနေတဲ့ဆံပင်တွေကို သပ်ပေးလိုက်ကာ စိတ်အားထက်သန်စွာ ပြောလိုက်တယ်။
"သူအပြစ်ပေးခံရစေမယ်လို့ ကျွန်တော်ကတိပေးတယ်"

စီစီက ဒါကိုလည်းကြားရော သူမရဲ့ အသက်မဲ့မှေးမှိန်နေတဲ့ မျက်ဝန်းတွေ တောက်ပလာပြီး ဖန့်ချူကိုစိုက်ကြည့်လာကာ ကြက်သေသေနေတော့တယ်။

ဖန့်ချူက ပြုံးလိုက်ပြီး
"ကျွန်တော်တို့တွေ အိမ်ပြန်ကြမယ်"

စီစီက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် ဖြစ်လာကာ မျက်ရည်တွေ ရုတ်တရက်ထပ်မံကျဆင်းလာပြန်တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ထိုအရာတွေက သွေးရောင်တွေမဟုတ်တော့ပဲ အဲ့ဒီအစား ကြည်လင်သန့်စင်နေတယ်။ မျက်ရည်စက်တွေက သူမပါးပြင်ပေါ်ကို လျှောကျသွားပြီး ကြမ်းပြင်ပေါ် ကျဆင်းသွားတယ်။ ပြီးတော့ သူမရဲ့အားနည်းနေတဲ့နှုတ်ခမ်းတွေက တုန်ယင်စွာပြောလာတယ်

"ကျေးဇူးပါရှင်"

ဖန့်ချူ ထပ်ပြုံးလိုက်ပြီး ထလိုက်ရပ်လိုက်တယ်။ သူတို့အခု သွားသင့်နေပြီလေ။

အဲ့ဒီအချိန်မှာပဲ စီစီက ရုတ်တရက်ထပြောတယ်။
"အကိုဖန့်ချူ..."

ဖန့်ချူလှည့်ကြည့်လိုက်တယ်။

စီစီက သူ့ကိုကြည့်ရင်း တောင်းပန်စွာ ပြုံးပြနေပြီး အပြစ်ရှိစွာ ပြောလိုက်တယ်။
"တောင်းပန်ပါတယ်.. တကယ်တော့ ခုနတုန်းက ကျွန်မရှင့်ကို မနာကျင်စေခဲ့ချင်ပါဘူး.. ကျွန်မရှင့်ကို ခဏလောက်ပဲ ရပ်တန့်ချင်ခဲ့တာပါ.."

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now