Chapter 11 : Mishap (A)

631 156 10
                                    

Zawgyi
.
.
.
ဒါက စိတ်အာရုံထင်ယောင်ထင်မှားဖြစ်တာမဟုတ်ကြောင်း နောက်ဆုံးမှာ ယုံကြည်လက်ခံလာတဲ့ထိ ဖန့်ချူက အချိန်ခဏလောက် ဖုန်းscreenမှာ ကော်နဲ့ကပ်ထားသလိုမျိုး [Okay]ဆိုတာလေးကိုပဲ စိုက်ကြည့်နေမိတော့တယ်..။

ယွိစစ်ကျယ်က သူ့ရဲ့dateကို လက်ခံလိုက်တာပဲ!

သူက စိတ်လှုပ်ရှားစွာနဲ့ တုန်တုန်ယင်ယင် ခုံပေါ်ကနေ ရုတ်ချည်းထရပ်လိုက်တယ်..။ ရုတ်တရက်ဆန်တဲ့ လှုပ်ရှားက ကျန်းဖေးယွီနဲ့ ပိုင်ရှောင်ရှန်းတို့ကို အာရုံစူးစိုက်လာစေတယ်..။

ပိုင်ရှောင်ရှန်းက ကျန်းဖေးယွီရဲ့ အာရုံစူးစိုက်ခံနေရတာကို အနည်းငယ်ပင်ပန်းလာကာ တုန့်ပြန်ဖို့ကသိကအောက်ဖြစ်နေပြီမို့ ဖန့်ချူထရပ်လိုက်တဲ့အခါ သူမက ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းကာ မေးလိုက်တော့တယ်..။

"ဘာလို့လဲ"

ဖန့်ချူက ဖုန်းကိုဘေးပို့လိုက်ပြီး မေးကို ဝင့်ကြွားစွာချီထားရင်း
"ဆောရီးဗျာ.. ကျွန်တော်ခများတို့နဲ့ ဒီညအတူမစားဖို့ မဖြစ်နိုင်လောက်တော့ဘူး.. ကျွန်တော့်မှာ dateလေးတစ်ခုရှိနေလို့.."

ပိုင်ရှောင်ရှန်းရဲ့မျက်လုံးတွေက တစ်ခါတည်း စပ်စုစိတ်တွေနဲ့ တောက်ပလာတော့တယ်..

"Date?"

ကျန်းဖေယွီလည်း ဖန့်ချူကို ထူးထူးဆန်းဆန်းကြည့်လာကာ တခစ်ခစ်ရယ်ရင်း
"ကောင်လေးမလား"

ဟုတ်တယ်.. ဖန့်ချူက သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုကို ဘယ်တုန်းကမှ ဖုံးကွယ်မထားခဲ့ဘူး.. ဒါကြောင့် သူတို့အားလုံးက သူဟာကောင်လေးတွေနဲ့ပဲ dateတယ်ဆိုတာ သိထားကြပြီး စနောက်တတ်ကြတယ်..။

ပိုင်ရှောင်ရှန်းက ပြုံးပြကာ

"အသစ်လား အဟောင်းလား.. ကောင်လေးက"
(တွဲလက်စလား... အခုမှစတွဲမယ့်သူလား)

ထိုမေးခွန်းက ဖန့်ချူကို အတွေးနွံထဲနစ်မြုပ်သွားစေခဲ့တယ်..။ သူတို့နှစ်ယောက်က ချက်ကျလက်ကျပြောရရင် ရည်းစားတွေမဟုတ်ကြဘူး.. ဘာလို့လဲဆိုတော့ လမ်းခွဲပြီးသားမို့လေ.. ဒါပေမယ့် ပြန်မတွဲရသေးတော့ သူတို့က ရည်းစားသစ်တွေလည်း မဟုတ်ပြန်ဘူး..။ သူက အခိုက်အတန့်မျှ ချင့်ချိန်စဉ်းစားနေပြီးမှ ပြောလိုက်တယ်..

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now