Chapter 2 : Reunion

1.3K 301 10
                                    

ဖန်းချူ တခဏလောက် ကြက်သေသေသွားတယ်။

သူအိမ်မက်မက်နေသလိုပဲ။

သူက အပျော်စီးသင်္ဘောပေါ်က ပါတီလေးတစ်ခုကို တက်ရောက်နေရုံလေးပါ။ ပြီးတော့ နှစ်နှစ်လုံးလုံး မတွေ့ခဲ့ရတဲ့ ရည်းစားဟောင်းနဲ့ လာဆုံရတာကလည်း တားဆီးမရနိုင်တဲ့ ကံကြမ္မာဖြစ်နေပုံပဲ။ အဲ့ဒီနောက် သူ့ရည်းစားဟောင်းက သူဌေးကြီးတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရတဲ့အတွက်လည်း သူလုံလုံလောက်လောက် shockရပြီးပါပြီလေ။ ဒါပေမယ့် သေတယ်ဆိုတာက ဘာလဲကွာ?! ဒီလိုကိစ္စကြီးကိုတောင် သူကြုံတွေရဦးမှာလား???

သူဒီနေ့ အဓိကဇာတ်ဆောင်တစ်ယောက်ရဲ့ စက်ကွင်းများ ပိုင်ဆိုင်လိုက်ရတာလား?

အော်သံကြီးက လူတိုင်းရဲ့အာရုံစူးစိုက်မှုကို ဆွဲခေါ်လိုက်ပြီး သူတို့အားလုံး တံခါးဆီကို ပြုံတိုးလာကြတယ်။ အချိန်တိုလေးအတွင်းမှာပဲ လူအုပ်ကြီးက ပိုပြီးတော့တောင် ဆူညံပြီး ဗရမ်းဗတာတွေဖြစ်လာတော့တယ်။

ဖန်းချူမှာ တံခါးပေါက်ဆီရောက်ဖို့ အချိန်အလုံလောက်မရလိုက်ဘူး။ ဒါကြောင့် သူ့ကို လူအုပ်ကြီးက ဖုံးလွှမ်းသွားပြီး ဘယ်သူကမှ သတိမထားမိလိုက်ဘူး။ သူက လူတိုင်းရဲ့ အခြေအနေနဲ့ ထိတ်လန့်တဲ့အမူအရာတွေကို ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်လုပ်လိုက်တယ်။ ဒါက အိမ်မက်မဟုတ်ကြောင်း ဝန်ခံဖို့ တွန်းအားပေးခံလိုက်ရတယ်။ တစ်စုံတစ်ယောက်ကတော့ အမှန်တကယ် သေဆုံးသွားခဲ့ပြီ။

ဒါက ပွက်လောရိုက်ရမယ့်အချိန်မဟုတ်သေးဘူး။ ဒါကြောင့် ဖန်းချူက အလျင်စလို လူအုပ်ဆီပြန်တိုးဝင်လိုက်ပြီး အဝေးမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အာရုံစိုက်ကြည့်လိုက်တယ်။

မကြာခင်ပဲ လူတစ်ချို့ရဲ့အကူအညီနဲ့ မိန်းကလေးတစ်ယောက်ဝင်လာခဲ့တယ်။ သူမရဲ့ဂါဝန်မှာ သွေးတွေပေကျံနေခဲ့ပြီး သူမက ဝိညာဉ်လွင့်ရလောက်အောင် ကြောက်ရွံခဲ့ရပုံပေါ်တယ်။ သူမကတော့ ဖန်းချူနဲ့ contactဖလှယ်ခဲ့တဲ့ Ceciဆိုတဲ့တစ်ယောက်ပဲ ဖြစ်တယ်။

သူမတံခါးကထွက်သွားချိန်မှာ ကော်ရစ်ဒါက အလောင်းကောင်ကို မတော်တဆတွေ့ခဲ့ရပုံပေါ်တယ်။ ကော်ရစ်ဒါကို လူတွေအချိန်မရွေး ဖြတ်သန်းသွားလာနိုင်တာမို့ ဒါက လူသတ်မှုမဖြစ်နိုင်ဘူး။ မတော်တဆ သေဆုံးမှုများလား။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now