"မင်း ဂျီမင်ကိုမချစ်ပဲနဲ့ ဒုက္ခပေးချင်လို့လက်ထက်ခဲ့တာပဲလေ။ကွာရှင်းပေးလိုက်ပါ သူကဖြူစင်ပါတယ်"

"ကျွန်တော်တရားဝင်လက်ထပ်ထားတာတောင် အဖေကဘာလို့ ဇွတ်အတင်းကွာရှင်းခိုင်းနေတာလဲ"

ဂျောင်ဂုတကယ်သိချင်၍မေးလိုက်ခြင်း။

"မင်းနဲ့က တရားဝင်လက်ထပ်ထားပေမဲ့ ဘယ်သူမှ မင်းတို့ကိုလက်ထပ်ထားမှန်းမသိဘူးလေ။ငါနဲ့က လက်ထပ်မယ်ဆိုတာ အားလုံးသိနေကြတော့။မင်းကွာရှင်းပြီးတာနဲ့ ငါ ဂျီမင်ကို လူသိရှင်ကြား ခမ်းခမ်းနားနား လက်ထပ်ယူမှာ"

"အဖေပြောနေတာ အခုလက်ရှိကျွန်တော့်ယောကျာ်းနော်။ဒီကိစ္စပြောမယ်ဆိုရင် ဘယ်တော့မှမပြောနဲ့တော့ ကျွန်တော်ဂျီမင်ကိုဘယ်တော့မှကွာမှာမဟုတ်ဘူး"

"အေး ငါကလဲမင်းကွာရှင်းတာနဲ့ လက်ထပ်ယူမှာ ပြီးတော့ မင်းဂျီမင်ကို အရမ်းအနိုင်ကျင့်ရင်လဲ ငါလက်ခံမှာမဟုတ်ဘူး ဂျီမင်က ဂျမ်လေးနဲ့တူတော့ ငါ......."

စကားမပြတ်ခင် ဂျောင်ဂုဘက်မှ အရင်ဖုန်းချလိုက်သည်။အဖေပြောတဲ့ အထဲမှာ ဂျီမင်ကဦးလေးဂျမ်နဲ့တူတာ‌လား။ဒါကြောင့်အဖေက ဂျီမင်အပေါ် အရာအားလုံးကူညီနေတာလား။

လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာလဲ ဂျီမင်ရဲ့မာနကြောင့်နဲ့ သူ့မိသားစုအပေါ် ပတ်ဝန်းကျင်က ကဲ့ရဲ့မှာစိုးလို့ဖြစ်မယ်။ဒါဆိုရင်တော့ ဂျောင်ဂုအကြီးအကျယ်မှားသွားခဲ့ပြီ။ဂျီမင်အပေါ်မှာရော သူအဖေအပေါ်မှာပါ နားလည်မှုလွဲခဲ့တာလား။

အဲ့တာဆိုသူဂျီမင်ကိုလက်လွှတ်လိုက်ရတော့မှာလား။မတွေးပါနဲ့။ဂျောင်ဂုမှာ ဂျီမင်ကိုလက်လွှတ်လိုက်ဖို့ အစီအစဉ်လုံးဝမရှိ။

#အဖေပြောတာမှန်တယ်။ငါတို့က တရားရုံးမှာပဲလက်မှတ်ထိုးထားရသေးတာ။ဘယ်သူမှ ငါတို့လက်ထပ်ထားတာမသိကြဘူး။ငါဂျီမင်ရဲ့အချစ်ကို ရအောင်ယူပြီးတာနဲ့ လူသိရှင်ကြား ခမ်းခမ်းနားနားလက်ထပ်ရမယ်။ဟုတ်တယ် အဲ့လိုပဲလုပ်မယ်။
---------------------
"ဂျန်ဆီရေ ငါလာတယ်ဟေ့"

ကျက်သရေအဖြာဖြာတုန်းတော်မူပါသော ရော်ဘင့်အသံသာဖြစ်သည်။ဒီချိန် ဂျန်ဆီအိမ်မှာမရှိမှန်းသိရဲ့နဲ့ရောက်လာတာအသိသာကြီးကို အကြောင်ပြနေသေးတယ်။

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Where stories live. Discover now