My Dear Empress-59

Start from the beginning
                                    

ချောင်အာအနားအမြဲရှိသည့် ချိုင်ယွဲ့ကအနောက်ဆောင်ကိုဦးစီးရသည့် အထိန်းတော်ချုပ်ကြီးဖြစ်လာလေသည်။ လီမင့်အနားအမြဲရှိသည့်ကျန်းလော့အား စစ်သူကြီးအဖြစ်ချီးမြှောက်ခဲ့သော်လည်း သူ့သခင်အနားလဲနေလိုသည်ဆိုသည့်အကြောင်းပြချက်ဖြင့် လက်မခံခဲ့ဘဲဘုရင့်အနားခစားသည့် တော်ဝင်ကိုယ်ရံတော်ဖြစ်လာလေသည်။

......

ချောင်အာမှာ၂၁ရာစုမှမိန်းကလေးပီပီ ဟန်ဆောင်ခြင်းဆိုတဲ့အရာကို တစ်ဖက်ကမ်းတတ်ကျွမ်းလေသည်။ အခြားသူများရှေ့လည် အိန္ဒြေသိက္ခာနှင့်ပြည့်စုံသောမိဖုရားခေါင်ကြီးအဖြစ် တည်ရှိသော်လည်း သူမ၏ခင်ပွန်းရှေ့ဆိုလျှင် အပြစ်ကင်းစင်သည့်ကောင်မလေးအဖြစ်သာနေထိုင်လေသည်။

ခုလည်းကြည့်လေ ဥယျာဉ်တော်ထဲအချစ်စမ်းနေကြသည်မှာ နန်းတွင်းအစေခံတို့ခေါင်းတို့ မြေကြီးထဲကျွံမတတ်ငုံ့ထားကြရလေသည်။

ဖြောင့်မတ်တည်ကြည်စွာထိုင်နေသောဘုရင့်ပေါ်တွင် သေးသွယ်သည့်အလှလေးကစွဲမင်ဖွယ် လည်ပင်းကိုဖက်သိုင်းထားလျက်ထိုင်နေလေသည်။

လီမင့်ကိုစပျစ်သီးခွံ့ကျွေးကာမေးသည့် ချောင့်အာအသံချိုချိုလေးတစ်ခုတည်းကသာတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။
"ချိုတယ်မလား"

ချောမောသည့်သူ၏မျက်နှာပေါ်က မျက်ခုံးထင်းထင်းတို့ကပင့်တက်သွားပြီး သူ့၏နှုတ်ခမ်းတို့်ကအနည်းငယ်ပြုံးသွားလေသည်။" ဘယ်အရာတွေဘယ်လောက်ချိုချို ကိုယ်တော့်ပါးစပ်ထဲ မင်းလေးလောက်မချိုမြိန်ဘူး"

ဤအကြောင်းအားလုံးသည် အစေခံများသာမက အသက်ကြီးသောကုန်းကုန်းတို့၏ရင်ကိုပါ လှုပ်ခတ်စေသည်။ ခံစားရသည်။ ဘယ်အရာတို့ကဒီဘုရင်နဲ့မိဖုရားကို တအားတွေချစ်နေစေတာလဲ!!!!
....

ချောင်နိုင်ငံမင်းကြီးချောင်ဟန်သည် ကြင်ယာတော်လေးပါးအပြင် ကိုယ်လုပ်တော်၁၀ယောက်ထပ်မနည်း တော်ကောက်ခဲ့လေသည်။ မိဖုရားအနေနဲ့လန်လန်အပြင် နောက်ထပ်အပြိုင်မိဖုရားတစ်ယောက်ရှိသေးလေသည်။ သူမကိုသူကိုယ်တိုင်စစ်တိုက်ထွက်ကာသိမ်းခဲ့တဲ့မြို့ကနေ ခေါ်လာပြီးမိဖုရားအရာသို့ တိုက်ရိုက်ပေးလိုက်လေသည်။ ထိုအဖြစ်ပျက်ရဲ့နောက်ကွယ်က အကြောင်းပြချက်တစ်ခုကိုအားလုံးသတိထားမိလေသည်။

ခ်စ္ေသာမိဖုရား(My dear Empress)Where stories live. Discover now