Chapter 15 : He Came (A)

Start from the beginning
                                    

သို့သော်လည်း သူဘာပြောပေးရမလဲဆိုတာကို မသိခဲ့ချေ။

ဝမ်ဖုန့်က တံခါးကို ဝင်တိုက်မိပြီး အခန်းထဲက ထွက်ကျလာသည့် အရာတွေကို သတိပြုမိပြီးနောက် ခဏတာ အရှိန်လျှော့သွားခဲ့သည်။ သိုသော်လည်း သူက သူ၏ဦးတည်ချက်အတိုင်း အမြန်ဆက်သွားခဲ့သည်။

ဖုန့်ချူမှာ ဝမ်ဖုန့် ချဉ်းကပ်လာသည့် ခြေသံကို ကြားလိုက်ရပြီး အသက်ရှူမဝသလို ခံစားလာရကာ နဖူးမှ ချွေးအေးများစီးကျလာသည်။

ဖုန့်ချူ ရုတ်တရက် အခန်းအပြင်ဘက်မှ အခြားအသံတစ်ခု ကိုကြားလိုက်ရသည်။

ဝမ်ဖုန့်တစ်ယောက် ရပ်တန့်သွားခဲ့သည်။

ကျန်းဖေးယွီ နှင့် ပိုင်ရှောင်ရှန်းတိုက အပေါ်ထပ်ရှိ ရုန်းရင်းဆန်ခတ်ဖြစ်နေသံကို ကြားလိုက်ရသောကြောင့် အခြေအနေကို စစ်ဆေးရန် ထိုနေရာသို အလျင်အမြန် ပြေးလာခဲ့သည်။ ဝမ်ဖုန့်၏မျက်နှာထက်တွင် သွေးများဖုံးလွှမ်းနေပြီး သူ၏လက်တိင်လည်းဓားတစ်ချောင်းကိုင်ဆောင်ထားကာ စင်္ကြံတွင်ပျင်းရိစွာရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို ချက်ခြင်း ထိတ်လန့်သွားကြ၏။

ပိုင်ရှောင်ရှန်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ"

ကျန်းဖေးယွီသည်လည်း ထိတ်လန့်သွားသည်။

"ဖန့်ချူ ဘယ်ရောက်နေတာလဲ၊ ထောင်ထောင်းရော ဘယ်မှာလဲ"

ဝမ်ဖုန့်ကဖြေသည်။

"အခုလေးတင်ပဲ ဖန့်ချူက တော်တော်ကြာအောင် ပြန်မလာတော့လို သူ့ကို စစ်ဆေးဖို ငါဒီကိုလာခဲ့တာ၊ သူ အန္တရာယ်နှင့်တွေ့နေမှာကို စိုးရိမ်လိုပါ၊ ငါရောက်သွားတော့ သူ သန့်စင်ခန်းထဲမှာ မရှိဘူး၊ သူ့ကိုလိုက်ရှာဖို ထွက်လာတဲ့အချိန် အနက်ရောင်အရိပ်တစ်ခုက ဖြတ်သွားတာကို တွေ့လိုက်တယ်၊ အဲဒီ့အရိပ်က သူနဲ့ ထောင်ထောင်ကို ခေါ်သွားတယ်ထင်တယ်"

နှစ်ယောက်သား ထိုစကားကိုကြာပြီးနောက် သူတိုမျက်နှာတွေ နီရဲလာသည် ။

နောက်ဆုံးတော့ ရောက်လာပြီလား။ မကောင်းဆိုးဝါးဝိဥာဉ်က သူတိုကို ကြောက်နေတာကြာပြီ။ နောက်ဆုံးတော့လည်း သူတိုကို တိုက်ခိုက်နေဆဲပဲလား။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now