"ခင်များကအရမ်းမာန်တက်နေတာပဲ ပတ်ဂျီမင် တစ်ခါထဲပြောထားမယ် ခင်များကဒီအိမ်ရဲ့အလုပ်သမားပဲ အဲ့တာထပ်မပိုဘူး နောက်တခါ ကလေးရဲ့သူငယ်ချင်းတွေကို ကိုယ်ထိလက်ရောက်ပြုမှုရင် ဒီထပ်ဆိုးမယ်ဆိုတာခင်များခေါင်းထဲ သေချာထည့်ထား ကြားလား"

"အင်း ငါမှတ်ထားပါ့မယ်"

ဒီဖြစ်ရပ်‌‌ေကြာင့် ကိုကမှန်နေပြီးအမှားဖြစ်သွားခဲ့တဲ့ ဂျီမင်ဟာလဲ ဂျောင်ဂုအပေါ်အထင်ကြီးမှုတွေက အဲ့အချိန်ကစပြီး တဖြည်းဖြည်း လျော့လာတော့သည်။
----------------
ဂျီမင်ဟင်းချက်နေတုန်း ဂျန်ဆီဝင်လာပြီး

"အခြောက်ကောင် ခြံထဲကအိင်္ကျီတွေသွားရုတ်လိုက်အုံး"

"အင်း ငါခဏနေသွားရုတ်လိုက်မယ် အခုကဟင်းချက်နေလို့ခဏလေး"

"မရဘူး အခုသွား ရုတ် သွား"

ဇွတ်ပြောနေတော့ဂျီမင်းလဲသွားရုတ်ရတော့သည်။အဲ့အချိန်မှာဂျီမင်ချက်ပြီးတဲ့ ဟင်းရည်အိုးထဲဂျန်ဆီက ဆားအများကြီးထည့်လိုက်တာကို ဂျီမင်းမသိလိုက်

နေ့လယ်ဂျောင်ဂုပြန်လာပြီး ဂျန်ဆီနဲ့အတူထမင်းစားနေရင်း ဂျီမင်အားမျက်မှောင်ကြုတ်ကြည့်၍

"ဒီဟင်းရည် ခင်များချက်ထားတာလား"

"အင်း ဘာဖြစ်လို့လဲ"

‌"တောက် ခင်များလာခဲ့!!!!!"

ဂျောင်ဂု ဂျီမင်ကိုဂုတ်ကဆွဲကာ

"ဘယ်မှာလဲ ဟင်းရည်အိုး"

"အ နာတယ် ဖယ်ပေး"

"ကျုပ်မေးနေတာ အရင်ဖြေ!!!!!"

ဂျီမင်ကဟင်းရည်အိုးကိုလက်ညှိုးထိုးရင်း

"ဒီမှာလေဟင်းရည်အိုး ငါကိုလွှတ်ပေးအုံး ဂျောင်ဂု"

ဂျောင်ဂုတို့ ပူပူလေး သောက်ရအောင် ပြန်နွေးထားသော ဟင်းရည်ပူများအား ဂျောင်ဂုကဇွန်းနဲ့ခတ်ကာဂျီမင်အား

"ရော့ သောက်စမ်း ခင်များချက်ထားတာ မြည်းကြည့်စမ်း ရော့သောက်"

ဂျီမင်ခေါင်းကိုမော့စေပြီး ဟင်းရည်ပူတွေအား အအေးမခံပဲ ဂျီမင်အားဇွတ်အတင်းတိုက်နေသောဂျောင်ဂု

မုန်းလိုက်ချင်သည်/မုန်းလိုက်ချင်သည်(Completed)Where stories live. Discover now