၂၉

3.3K 541 39
                                    

{Unicode}

"ဗရုတ်သုတ်ခနိုင်သော နေ့စွဲများ-၀၅"

ယဲ့ထင်က အနောက်တိုင်း ဝတ်စုံပြည်ဖြင့် ရန်ကျားလိအနောက် ရပ်နေလေ၏။

သူ့လက်ထဲ အနွေးဘူးတစ်ဘူး ကိုင်ထားကာ လုံအောင်မပိတ်ထားသည့် အဖုံးထက်မှ ပျစ်နှစ်နှစ် ငါးစွတ်ပြုတ် အနံ့က လှိုင်လှိုင်ထနေတော့သည်။

သူက လက်ဆန့်ပြီး ရန်ကျားလိ၏ နားရွက်ကို ပွတ်သပ်နေကာ အဓိပ္ပါယ်ရှိရှိ ပြုံးနေပြီး

"ပေါင်ပေါင်း၊ ဘယ်ကိစ္စကများ အဲ့လောက် အံ့သြရင်ဖိုစရာ ကောင်းတာလဲ။ ကိုယ်လည်း နားထောင်ရအောင် ပြောပြဦးလေ"

ရန်ကျားလိမှာ ယဲ့ထင်တစ်ယောက် ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် အထိတ်တလန့် ဖြစ်သွားရသည်။

သူက မျက်လုံးပြူးလျက်သားနှင့် ယဲ့ထင်၏ နှုတ်ခမ်းထောင့်တွင် သံသယဖြစ်စဖွယ် ထောင့်စွန်းကိုတွေ့တော့ တအံ့တသြ မေးခွန်းထုတ်လာသည်။

"မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

ယဲ့ထင်က အနွေးဘူးကို ချလိုက်ကာ အဖုံးကိုဖွင့်ပြီး တစ်ပန်းကန် သွန်ထည့်လိုက်ရင်း

"မင်းကို သတိရလို့၊ မင်းအလုပ်ကို လာထောက်လှမ်းတာပေါ့"

သူက ငါးစွတ်ပြုတ်ကို ရန်ကျားလိရှေ့ ပို့လိုက်တော့ ထိုညှီစို့စို့ ရနံ့နှင့် ပျစ်နှစ်နှစ် အဖြူရောင် စွတ်ပြုတ်အရည်က ရန်ကျားလိအား ချက်ချင်းဆိုသလို မျက်မှောင်တင်းတင်း ကြုတ်စေသည်။

ယဲ့ထင်က ဆိုသည်။

"နေ့လည်အနားယူချိန်မှာ ဘာအလုပ်မှ မရှိတာနဲ့ အတော်ပဲ ဖြစ်သွားလို့ အဒေါ်ကြီးကို တစ်မနက်လုံး ပြုတ်ခိုင်းထားတဲ့ ငါးစွတ်ပြုတ် မင်းကို ယူလာကျွေးလိုက်တာ၊ မဟုတ်ရင် မင်း ခိုးခိုးပြီး ပန်းပင် ရေသွားလောင်းမှာဆိုးလို့၊ လာ"

ရန်ကျားလိက ခေါင်းရှောင်သွားကာ အံကြိတ်ကာနှင့်

"ငါအဲ့တာ သောက်ရတာ မကြိုက်ပါဘူးလို့ ပြောပြီးပြီလေ"

"မဆိုးရဘူး"

ယဲ့ထင်၏ မျက်နှာက မဆိုစလောက် တည်တံ့သွားကာ

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now