4.2K 681 25
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၀၄"

ဝမ်ယန်မှာ လီတာ့ကိုမြင်တော့ တစ်ခဏလောက် ကြောင်အမ်းသွားသည်။

သူ့မျက်လုံးများက အနည်းငယ် အံ့အားသင့်သွားသည့်ဘက်သို့ ကူးပြောင်းသွားပြီး အတော်ကြာမှ လှေကားထစ်ပေါ် နင်းလိုက်ကာ

"မောနင်း"

သူက လီတာ့ကို မေးသည်။

"ခင်ဗျားက ဒီအချိန်ကြီး ဒီမှာ ဘာလုပ်နေတာလဲ"

လီတာ့၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။ နီရဲနေသည်က ရှက်၍ပဲလား သို့မဟုတ် ဆောင်းလေအေးကြောင့်ပဲလားတော့ မသိ။ သူက သဘာဝအတိုင်း လက်ပိုက်ဟန် ဆောင်လိုက်ကာ အကြည့်များက တခြားနေရာ ရောက်နေရင်း ပြောလာသည်။

"အဲ့ဒါက ဘာပါလိမ့်၊ ငါ၊ မနက်ခင်း လေ့ကျင့်ခန်း၊ ဒီနေရာက ဖြတ်သွားမိလို့၊ မင်းပြောကြည့် တိုက်ဆိုင်လား မတိုက်ဆိုင်ဘူးလား"

လီတာ့က ခြောက်ကပ်ကပ်နှင့် နှစ်ကြိမ်လောက် ရယ်လိုက်ကာ စကားလမ်းမရှိ စကားစရှာပြီး မေးလာပြန်သည်။

"ဒါဆို မင်းကရော၊ ဘယ်လိုဖြစ်လို့ ဒီလောက်အစောကြီး ဒီမှာရှိနေရတာလဲ"

ဝမ်ယန်က မျက်မှောင်ကြုတ်သွားကာ အထူးတဆန်းနှင့် လီတာ့ကို တစ်ချက်ကြည့်လိုက်ပြီး

"ဘာလို့လဲဆိုတော့ အပေါ်ထပ်က ကျွန်တော့်အိမ်လေ"

လီတာ့မျက်နှာက သွေးချင်းနီလာပြီး အတော်ကြာကာမှ စကားလုံးများ ညှစ်ထုတ် ပြောထွက်လာသည်။

"အဲ့ဒါကြောင့်ကို"

ကိုးရိုးကားယားဆန်သော စကားဝိုင်း အပြီးတွင် လီတာ့က နှာခေါင်းပွတ်လိုက်ပြီး ကားထဲမှ အညိုရောင် စက္ကူအိတ် ထုတ်လာလျက် ဝမ်ယန်ကိုပေးကာ အကြည့်များက အနည်းငယ် တထင့်ထင့်နှင့်

"ဟိုဘာလဲ၊ မင်း မနက်စာ စားပြီးပြီလား။ မစားရသေးရင် ဒါအရင် စားထားလိုက်ပါလား။ ပဲနို့ရည် ပူပူလေးနဲ့ ဒီနားတစ်ဝိုက်မှာ အကောင်းဆုံး ဖက်ထုပ်ပေါင်း၊ အလွှာပါးပြီး အသားများတယ်။ မနက်ဆိုရင် တန်းစီနေတဲ့သူတွေ တော်တော်များတာ"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now